Chapter 32.2နိုင်ငံ၏တောင်ပိုင်းတွင်မွေးရပ်မြေရှိသည့် ဘလော့ဂါယီဟွေ့သည်တိတ်တဆိတ်ပြုံးလျက် သူ၏မိသားစုထက်ဝက်ခန့်ကမြို့တော်တွင်ရှိနေသည်ကိုတွေးမိသည်၊ နှင်းကျတာမြင်ရဖို့မလွယ်ဘူးလား?
သူသည် မြို့တော်တွင်အခြေချနေသည့်သူ၏အစ်ကိုနှင့်မရီးကို သူတို့အားထိတ်လန့်အောင်လုပ်မိသွားမည်ကြောက်၍မဆက်သွယ်ရဲပေ။ သို့သော် နောက်ကွယ်မှတိတ်တဆိတ်စုံစမ်းပြီး
သူတို့အဆင်ပြေနေကြောင်းသိခဲ့ရသည်။
Weibo မှထွက်မည်အပြု ကိုယ်ပိုင်မက်ဆေ့ချ်နေရာတွင်ဒိုရာဟမ်ဟမ်ပေးပို့လာသော နောက်ထပ်စာနှစ်စောင်ရောက်နေသည်။ 'နှင်းကျနေတယ်'
ယီဟွေ့သည်ဓာတ်ပုံကြည့်ရန်နှိပ်လိုက်သည်။ ဓာတ်ပုံမှာအိမ်ထဲတွင်ရပ်ကာ ပြတင်းအပြင်ဘက်ကိုရိုက်ထားသည်ဖြစ်မည်။ နှင်းထုအလွှာသည်အိမ်ခေါင်မိုးတံစက်မြိတ်တွင်တွဲခိုနေပြီး ပြတင်းပေါက်ဘောင်ပေါ်တွင်တင်နေသည်။ အဖူးနှစ်ခုသုံးခုခပ်ရေးရေးရှိသောဆီးပန်းနီကိုင်းသည်ပြတင်းပေါက်ကိုမှီနေသည်။
ယီဟွေ့စာပြန်လိုက်သည်: မင်းမပြန်သေးဘူးလား
မကြာသေးခင်က ဒိုရေမွန်ဟမ်ဟမ်သည်အလုပ်ကိစ္စနှင့်နိုင်ငံခြားထွက်ရန်ရှိပြီး နေ့စဉ်ရောက်သည့်နေရာမှဓာတ်ပုံအနည်းငယ်စီပို့ပေးမည်ဟုပြောခဲ့သည်။
ယီဟွေ့သည်နေရာများစွာကိုမရောက်ခဲ့ဖူး၍ လှပသောအနီရောင်နံရံများနှင့်အဖြူရောင်အုတ်ကြွပ်ပြားများကိုစိတ်ဝင်စားနေမိသည်။ ဒိုရေမွန်ဟမ်ဟမ်က နေ့စဉ်ပုံများစပို့လာခဲ့သောကြောင့် သူအလုပ်ခရီးမှပြန်မလာသေးကြောင်းတစ်ချက်ကြည့်ရုံဖြင့်သိနေသည်။
ဒိုရာဟမ်ဟမ်: ကိုယ်ဒီမှာခဏလောက်နေရဦးမယ်
ယီဟွေ့သည်ယခင်ကအလုပ်မလုပ်ဖူး၍ အလုပ်ခရီးဝေးသွားရသည့်ခံစားချက်ကိုတွေးမိနေသည်၊ သူစာရိုက်လိုက်သည်: ဒါဆိုဟမ်ဟမ် မင်းအိမ်ပြန်ချင်လား?
YOU ARE READING
မျောလွင့်နေသော ပြာမှုန်များ
Fanfictionမင်္ဂလာ ညချမ်းပါရှင် အသစ်လေးတွေ လာကြေညာတာပါ ရှင့် ???? BL အတိုလေးနှစ်ပုဒ် PICK ထားပါတယ် အပိုင်းသိပ်မများတာလေးတွေပါ ဖတ်ပေးကြပါဦးနော် ... အားလုံးပဲ ကျန်းမာ ဘေးကင်း ဝင်ငွေတိုးကြပါစေ... ပုံအောက်မှာ Description ပါတယ်နော် ...