Chapter 40.1

226 38 0
                                    




Chapter-40.1



တံခါးပိတ်နေစဥ်အတွင်း ယီဟွေ့၏အကြည့်က ကျိုးကျင်ဟမ့်အပေါ်သို့ ကျရောက်သွားခဲ့သည်။ ထိုသူက ဝိဉာဥ်ပျောက်ဆုံးသွားသကဲ့သို့ မတ်တပ်ရပ်နေကာ လက်လျှော့သွားမည့်ပုံမရှိပဲ ယီဟွေ့ကိုသာစိုက်ကြည့်နေခဲ့၏။ သူ၏မျက်ဝန်းများက သွေးရောင်ရဲနေခဲ့ပြီး မျက်နှာမှဒဏ်ရာသည်လည်း သွေးများစီးကျနေသဖြင့် လန့်စရာကောင်းနေ၏။

တံခါးသော့ပိတ်ပြီးချိန်တွင် ယီဟွေ့၏ခြေလက်များ ပျော့ခွေသွားကာ မတ်တပ်ပင်အနိုင်နိုင်ရပ်နေရ၏။ သူက လက်သီးဆုပ်ရန်ပင် အားမရှိတော့ပဲ လက်ဖဝါးနှစ်ခုလုံး ချွေးအေးများဖြင့် ပြည့်နှက်နေလေသည်။ 

အခန်းတွင်းသို့ ပြန်ရောက်လာသည့်အခါ ကျန်းယီမန့် နှုတ်ခမ်းအသာကိုက်လျှက် မျက်ရည်မကျအောင် ထိန်းထားသည်ကို တွေ့လိုက်ရသည်။ သူမက သူ့အား အစ်ကိုအဖြစ် မသတ်မှတ်ထားပါက အိမ်ထဲသို့ပင် အဝင်ခံမည်မဟုတ်ချေ။

သူက ဤအခွင့်အရေးကို အသုံးချကာ သူခုဏကပြုလုပ်ခဲ့သော ရူးကြောင်ကြောင်အပြုအမူအား ရှင်းပြရန်ပြင်လိုက်သည်။

ယီဟွေ့က အိပ်ရာဘေးရှိ ထိုင်ခုံကို ပုတ်လိုက်၏။



“လာထိုင်...”

ကျန်းယီမန့်က စိတ်မပါစွာထိုင်ချလိုက်သည်။ ယီဟွေ့အား ကြည့်ပင်မကြည့်ပဲ ဆိုလိုက်၏။ 

“ကိုကြီးပြောစရာရှိရင် မြန်မြန်ပြောပါ...ညီမလေး ဟမ်ဟမ့်ဒဏ်ရာကို ဆေးထည့်ပေးရဦးမယ်...”

ယီဟွေ့က တစ်ရှူးနှစ်ရွက်ကိုယူကာ သူမအား ကမ်းပေးလိုက်သည်။  “ငါနဲ့သူ့ကြားမှာ ဘာတွေဖြစ်ခဲ့သလဲ မင်းသိချင်တယ်မဟုတ်လား...” သူ့အသံကခြောက်သွေ့ကာ ကြမ်းရှလျှက်ရှိသည်။ ထို့နောက် လေကိုတစ်ဝရှိုက်လိုက်ကာ 

“ငါမင်းကို အခုပြောပြမယ်...”

........

တောင်ပိုင်း၏ ရာသီဉတုမှာ ပူပြင်းလှလေသည်။ ပြတင်းပေါက်များ ပိတ်ထားသည့်တိုင် ပုစဉ်းရင်ကွဲအသံများက ဆူညံစွာ ထွက်ပေါ်နေဆဲပင်။

မျောလွင့်နေသော ပြာမှုန်များWhere stories live. Discover now