ရှင်းပြစရာလေးရှိလို့ပါဗျ သေချာပေါက်ဖတ်ပေးပါ။ Chapter-28တင်မှ ထည့်လိုက်ဖို့ တွေးထားပေမဲ့ စာရှည်မှာမို့ chapter အသစ်မှာထည့်လိုက်ရမှာ အားနာလို့ပါ။ (မရှင်းပြလည်း သိတယ်ဆိုတဲ့ သူတွေလည်းဖတ်ပေးပါ မဖြစ်မနေ!)
Chapter_27မှာ တော်ဝင့်ကို psychoမဟုတ်ဘူးလို့
နည်းနည်းရှင်းပြလိုက်ပေမဲ့ ရက်စက်လွန်းလို့ မယုံနိုင်သေးဘူးလို့ပြောတဲ့သူတွေရှိနေလို့ ကျွန်တော်ပျော်နေပါတယ်။
(ဟန်ဆောင် အပြုံးဖြင့်)တော်ဝင့်ကို အဲ့လိုဆိုက်ကိုလို့ ထင်ကြမှာစိုးလို့
အရမ်းရက်စက်တဲ့ ပုံစံမဖြစ်အောင်
အတတ်နိုင်ဆုံးရေးထားတာပါ။ ဒါပေမဲ့ သူ့ဘာသာ
အရမ်းရက်စက်သလို ဖြစ်သွားတာတော့ ကိုယ်လည်း မတက်နိုင်ဘူး။ ကိုယ့်အတွက်က +ခန်းရေးရမှာထက်
လူသတ်ခန်းတွေရေးရတာက ပိုလွယ်နေပြီး၊ ရေးရတာ
ကြိုက်နေတော့ ရက်စက်သလို ဖြစ်သွားတာထင်ပါတယ်။တော်ဝင်က ဆိုက်ကိုလုံးဝမဟုတ်ရတဲ့ အကြောင်းအရင်းတွေကို တစ်ခုချင်းပြောပြသွားပေးပါ့မယ်။
တော်ဝင်ဆိုက်ကို မဟုတ်မှန်းသိတဲ့လူတွေလည်း ဖတ်ပါ။
knowledgeအနေနဲ့ ဖြစ်ဖြစ်ပေါ့။ အကျိုးမယုတ်ပါဘူးပထမအချက်_
ဆိုက်ကိုတွေဟာ ခံစားချက်လုံးဝ၊ လုံးဝကို
မရှိပါဘူး။ (ဥပမာ-ပျော်ခြင်း၊ ဝမ်းနည်းခြင်း၊ ချစ်ခြင်း၊မုန်းခြင်း စသဖြင့်ပေါ့)
တော်ဝင်က လွန်းကိုဘယ်လောက်ချစ်လည်း သိကြမှာပါ။
လွန်းမျက်မှောင်ကြုတ်ရင် တော်ဝင်ကြောက်တယ် ဆိုတာက ဒေါသထွက်ပြီးသူ့ကို တစ်ခုခုလာလုပ်မှာမို့ ကြောက်တာမဟုတ်ပါဘူး။
လွန်း တစ်ချက်လောက်ကို စိတ်အနှောင့်အယှက်ဖြစ်မှာကို
မလိုလားတာပါ။ ဆိုတော့ ဘယ်လောက်ချစ်လည်း သိလောက်ပြီပေါ့။
ဒီအချက်တစ်ချက်နဲ့တင် တော်ဝင်က ဆိုက်ကို မဟုတ်ဘူးဆိုတာ လက်ခံလို့ရနေပါပြီ။(မှတ်ချက်_ဆိုက်ကိုတွေက ဘယ်လိုခံစားချက်ကိုမှ မခံစားနိုင်ပေမဲ့ ကျေနပ်နှစ်သိမ့်မှုကိုတော့ ခံစားနိုင်ပါတယ်။
အဲ့လိုခံစားချက်ကို ဘယ်အချိန်မှာ ခံစားရလည်းဆိုရင်
သူတို့စီစဉ်တဲ့ အစီအစဉ်အတိုင်း ဖြစ်သွားတဲ့အချိန်
ဥပမာ-လူတစ်ယောက်ကို ဒီအချိန်၊ဒီနေရာမှာ၊ဒီလိုပုံစံနဲ့
သတ်မယ်ဆိုပြီး အစီအစဉ်ချထားတယ်ဆိုပါစို့၊ အဲ့လူကို
သူ့အစီအစဉ်အတိုင်းသတ်လိုက်နိုင်ရင် ကျေနပ်နှစ်သိမ့်မှုကို ခံစားရပါတယ်။ သူကဘာခံစားချက်မှမရှိဘဲ အဲ့ခံစားချက်တစ်ခုဘဲရှိတော့ အဲ့ဒီခံစားချက်ကို
ငြိတွယ်လာပြီး အမြဲခံစားရအောင် လုပ်တာမျိုးတွေနဲ့
လူတွေသတ်မိတာမျိုးပါ၊ မုန်းလို့သတ်တာမဟုတ်ပါဘူး။)
YOU ARE READING
မောင့်၏...တစ်ဦးဆိုင်နာမ်(completed) မျမောင့်၏...တစ်ဦးဆိုင်နာမ်
Romance"မင်းသာမရှိရင် ဘဝကြီးက ဆေးလိပ်တစ်လိပ်ကို မီးမညှိပဲ နှုတ်ခမ်းကြားထဲ ညှပ်ထားရသလိုဘဲ မပြည့်စုံသလို အဓိပ္ပါယ်လည်းမရှိဘူး" ------ ထင်ရှားတော်ဝင်မောင် × လွန်းလေပြေသွင် Green flag seme × normal Uke start date-10/12/2023 End date_12/6/2024 •••••• A/N: poss...