Chapter_29 (Z)

172 1 0
                                    

"မင်းက ဒီမှာနေမယ်ဟုတ်လား"

"အင်း"

"မရဘူး!"

"ဘာလို့လဲ"

"တခြားနေရာမှာသွားနေ"

"လွန်ခဲ့တဲ့တစ်ပတ်ကမှ ထောင်ကထွက်လာတာကို နေစရာဘယ်မှာရှိမှာလဲ"

"မသိဘူးကွာ၊ အခုချက်ချင်း အိမ်ကထွက်သွား!"

သူပြောလိုက်တော့ သူ့ကိုစက္ကန့်ပိုင်းမျှသာ စိုက်ကြည့်၍
luggageကိုဆွဲကာ ခုံမှ ထသွားတာကြောင့် ရီမီ ကျေနပ်စွာပြုံးလိုက်မိ၏။ သို့သော် ထိုအပြုံးတို့မှာ luggageဆွဲ၍ အပြင်မထွက် အိပ်ခန်းထဲ ဝင်သွားသူကြောင့် ကြာရှည်မခံလိုက်ပေ။

"နေသန်!"

သူကသာအော်နေသော်လည်း နေသန်က အဖက်ပင်မလုပ်ဘဲ အခန်းထဲဝင်သွားကာ တံခါးကိုအသာအယာပိတ်လို့ သွားလေသည်။

"နေခိုင်းလိုက်ပါ၊ ဘာဖြစ်လို့လဲ"

"မရဘူး! သူက လိုဂန့်​ကိုသတ်လိမ့်မယ်"

"ကောင်လေးလည်း သတ်ချင်တာပဲလေ၊ ဘာပဲဖြစ်ဖြစ်
လိုဂန်သေရင်ပြီးတာပဲ မဟုတ်လား"

"ဟင့်အင်း။ ကျွန်တော်က လိုဂန်ကို ကျွန်တော်ကိုယ်တိုင်ပဲ သတ်ချင်တာ"

နေသန်ကလည်း သူ့လက်နဲ့ပဲသတ်ချင်နေတာဖြစ်သည်။
ထို့ကြောင့် သူ့ဆီမှာလာနေပြီး လိုဂန့်ကို သတ်မယ့်ကိစ္စတွေကိုတားဆီးကာ သူ့လက်နဲ့ကိုယ်တိုင် သတ်ချင်တာဖြစ်တာကြောင့် နေသန်ဒီမှာလာနေမှာကို တားဆီးမှကို ရလိမ့်မည်။

"ကောင်လေးသဘောပါ။ ဒါနဲ့နေ့သစ်ပြောထားတဲ့ ကိစ္စ
ကိုယ်လုပ်ပေးပြီးပြီ"

နေ့လွန်းသစ်ဟုခေါ်ရသည်မှာ စကားထောက်သည်ဟုဆိုကာ
နိုင်ဂျယ်ကနေ့လွန်းသစ်အစား လွန်းသစ်၊နေ့သစ်၊ကောင်လေး စသည်ဖြင့် နာမ်စားအမျိုးမျိုးကိုသုံး၍ စကားပြောလေ့ရှိလာသည်။

"ဘာကိစ္စလဲ"

"လွန်းလေပြေသွင်ကိုဆက်သွယ်မယ်ဆိုတဲ့ ကိစ္စလေ"

"အဟက်..."

ရီမီကသဘောကျသလို နှစ်နှစ်ခြိုက်ခြိုက် ပြုံးလိုက်သလို၊ တံခါးတစ်ဖက်ခြမ်းတွင် တိတ်တဆိတ် နားထောင်နေသည့် လူရွယ်သည်လည်း ပါးချိုင့်ရှည်တို့ပေါ်သည်အထိ နှစ်နှစ်ခြိုက်ခြိုက်ပြုံးနေ၏။

🎉 You've finished reading မောင့်၏...တစ်ဦးဆိုင်နာမ်(completed) မျမောင့်၏...တစ်ဦးဆိုင်နာမ် 🎉
မောင့်၏...တစ်ဦးဆိုင်နာမ်(completed)  မျမောင့်၏...တစ်ဦးဆိုင်နာမ်Where stories live. Discover now