Chapter_27 (Z)

169 0 0
                                    

(စာတွေကို လုံးဝ၊လုံးဝ ကျော်မဖတ်ဖို့ သတိပေးပါရစေ။)

:
:
:

တော်ဝင် လေယာဉ်ကွင်းတစ်နေရာကို မျက်လုံးတစ်ချက်ဝေ့ကြည့်လိုက်ကာ လွန်းကို ကပ်ပြောလိုက်သည်။

"လွန်း...မောင် toiletခဏသွားအုံးမယ်။ လွန်းဒီမှာပဲ စောင့်နေ"

"ဟင့်အင်း..ကိုယ်ပါလိုက်မယ်"

လွန်း တစ်ယောက်တည်းမနေခဲ့ချင်မှန်း သိသော်လည်း
ခေါ်သွား၍ မရတဲ့အခြေအနေကြောင့် ထားခဲ့ဖို့သာ ဆုံးဖြတ်လိုက်ရ၏။

"မောင်ပြန်လာခဲ့ပါ့မယ်၊ ခဏလေးပဲစောင့်နေလေ"

"ဒါပေမဲ့.."

"မောင်ပြန်လာခဲ့မယ်၊ ခဏလေးပဲသွားမှာ"

"အင်း...အဲ့ဒါဆိုလည်း မြန်မြန်သွား"

ပြဿနာကို ​အမြန်ရှင်းလိုက်ချင်သည်မို့ လွန်းကိုပင်
တုံ့ပြန်စကားမဆိုတော့ဘဲ အမြန်ထွက်သွားလိုက်သည်။

တော်ဝင်က လူအနည်းငယ်ရှင်းသည့် သန့်စင်ခန်းကို
ကြည့်၍ဝင်လိုက်သည်။
ထို့နောက် ထောင့်ကျကျသန့်စင်ခန်းထဲဝင်၍ ရတုကို စာတစ်စောင်ပို့လိုက်ကာ အပြင်ပြန်ထွက်၍ ထောင့်အကျဆုံး ဘေစင်က မှန်ကိုလက်သီးဖြင့် အားကုန်ထိုးချလိုက်သည်။

ခွမ်း!!!

ထို့နောက် လက်နဲ့ကိုင်လို့အဆင်ပြေသည့် မှန်ကွဲစ တစ်ခုကို အင်္ကျီအတွင်း အိပ်ကပ်ထဲထည့်၍ သန့်စင်ခန်းရဲ့ပင်မဝင်ပေါက်နားက ဘေစင်ဆီသွား၍ လက်ကိုအချိန်အတန်ကြာ ဆေးနေမိသည်မှာ အနာတွေပင်ရေနှင့်နူးနေပြီဖြစ်သည်။
သို့သော် တော်ဝင့်မျက်နှာက ဘာမှမခံစားရသည့်အတိုင်း
ပကတိတည်ငြိမ်လျက်။
အချိန်အနည်းငယ်ကြာတော့ သန့်စင်ခန်းရဲ့ ပင်မတံခါးကို
ပိတ်လိုက်သည့် အသံကြားလိုက်ရတာကြောင့် တော်ဝင်
ခပ်ဖွဖွပြုံးလိုက်သည်။
တော်ဝင် သန့်စင်ခန်းပတ်ပတ်လည်ကို မျက်လုံးကစား ကြည့်လိုက်တော့ သန့်စင်ခန်းထဲတွင် ထောင်ထောင်မောင်းမောင်း လူရွယ်သုံးယောက်နှင့်
သူတစ်ဦးတည်းသာ ရှိတော့၏။

သူ့ဆီဦးတည်လျှောက်လာတဲ့ လူသုံးယောက်ကို ကြည့်မိလိုက်သည်။
ထိုလူသုံးယောက် လက်ထဲတွင်ဘေ့စ်ဘောတုတ် ကိုယ်ဆီကို ကိုင်ထားသည်ကို ကြည့်ခြင်းဖြင့် သူ့ကို အသေသတ်ဖို့ အစီအစဉ်တော့ ရှိပုံမရ။
ဖမ်းခေါ်သွားတာ ဒါမှမဟုတ် ဒဏ်ရာရရုံလောက် ရည်ရွယ်ချက်သာ ရှိလိမ့်မည်။ သို့သော် မဖြစ်မနေ
သေနတ်ထည့်လာမည်မှန်း သိတာကြောင့် သတိတော့ထားရမည် ဖြစ်သည်။

မောင့်၏...တစ်ဦးဆိုင်နာမ်(completed)  မျမောင့်၏...တစ်ဦးဆိုင်နာမ်Where stories live. Discover now