အခန်း ၂၄၂ ။ ကျောင်းလုံ၊ အခစားယောက်ျား
လူအုပ်ကြီးက တစ်ယောက်နဲ့ တစ်ယောက်ကြည့်ပြီး စကားစပြောကြတော့တယ်။
"ကောင်းကင်စိတ်တန်ခိုးကျောက်တုံးကို နှစ်သောင်းချီ ရှန်းကျွင်း အားဖြည့်ပေးခဲ့တာ၊ ဒီနဂါးပြစ်မှုက အရမ်းကို ပြင်းထန်တယ်၊ အလွယ်တကူလွှတ်ပေးလို့မဖြစ်ဘူး"
"မှန်တယ်၊ ဒါက နဂါးပဲ၊ ဒီနေ့ငါတို့ ပူးပေါင်းပြီး ရှန်းကျွင်းရဲ့ ရွှေကြာပန်းကိုသုံးပြီးတော့ သူ့ကိုအလဲဖြိုရမယ်၊ တကယ်လို့ အခု အပြစ်မပေးရင် နောက်ပိုင်းကျ ဆက်ဆိုးညစ်နေဦးမှာ"
"ဒါပေမဲ့ ငါတို့ ဒဏ်ရာရအောင်လုပ်လို့ မဖြစ်ဘူးလေ၊ ငါတို့ ရှန်းကျွင်းလက်ထဲအပ်လိုက်ရင်ရော"
"မဖြစ်ဘူး၊ ရှန်းကျွင်းက အမြဲစိတ်ထားနူးညံ့တာ၊ တကယ်လို့ ဒီကျောင်းလုံက သူ့ကိုလွှတ်ပေးအောင် စကားချိုချိုသာသာနဲ့ ရှန်းကျွင်းကို ချော့မော့နားချရင်ရော"
နတ်ဘုရားတွေက ခဏတိတ်ဆိတ်သွားပြီး သူတို့ရဲ့အကြည့်က ကျောင်းလုံကို မုန်းတီးမှုအပြည့်။
ဓားစာခံနဂါး ။ ။ "..." အဲဒါငါနဲ့ဘာဆိုင်လို့လဲဟ
"ငါတို့ သူ့ကို နဂါးတောင်ကြားဆီ ပို့ရင်ရော" ညာဘက်ကတစ်ယောက်က ရုတ်တရက် အကြံပြုလာတယ်။
"ဟင့်အင်း" ဘယ်ဘက်က လူတစ်ယောက်က ချက်ချင်းကန့်ကွက်တယ်။
"သူ့ကို နဂါးတောင်ကြားထဲပို့တာက ကျားကို သူ့အသိုက်ဆီပြန်ပို့တာနဲ့ တူမနေဘူးလား" နဂါးမျိုးနွယ်က အမြဲထောင်လွှားနေတာ၊ သူတို့က ဒီကိစ္စကို အရေးစိုက်မှာမဟုတ်ဘူး။
"ငါဆိုလိုတာက သူ့ကို နဂါးတောင်ကြားထဲက နဂါးအသူတစ်ရာချောက်နက်ဆီ ပို့ဖို့ပဲ"
သူ့အသံဆုံးသွားတဲ့အချိန် လူတိုင်းရဲ့မျက်လုံးတွေက လက်သွားတယ်။
"အဲဒါအကြံကောင်းပဲ"
"အမှန်ပဲ၊ အဲကရှန်းကျွင်းက သူတို့မျိုးနွယ်တူက နဂါးထီးကို ရှာနေတာ နှစ်ထောင်ချီကြာပြီ"
"ဒီကျောင်းလုံကို အဲပို့တာကောင်းတယ်၊ သူက တက်လှမ်းကာစလေ၊ အဲတော့ အဲကရှန်းကျွင်း သေချာပေါက် ကျေနပ်မှာပဲ"
YOU ARE READING
ပျင်းနေပြန်တဲ့ ကိုယ့်ဆရာ (Book 2)
FantasyBook 1 က wall ထဲ ဝင်ဖတ်လို့ရပါတယ် Book 1 က wall ထဲ ဝင်ဖတ်လို့ရပါတယ်