အခန်း ၃၂၅ ။ မိစ္ဆာများ၏ ရှေးဟောင်းအမွေအနှစ်
ယိချင်းက ဟိုဟိုဒီဒီကြည့်ကာ တစ်ဖက်ဆီလျှောက်လာပြီး စောင့်ကြောင့်ထိုင်ချတယ်။
"ကြည့်ရတာ ဒီမှာဝင်နည်းကို ပြထားပုံပဲ"
နှစ်ယောက်သား ထိတ်လန့်သွားပြီး ချက်ချင်း။ လျှောက်လာခဲ့တယ်။ တကယ်ပဲ သူတို့ အဲမှာထွင်းထားတဲ့ သင်္ကေတတချို့ကိုမြင်လိုက်ရတယ်။ မြေကြီးပေါ်မှာမို့ ကျင်းချီ စောနက သတိမထားမိခဲ့တာပဲ။ အရေးအသားက သက်တမ်းကြောင့် ဝါးနေပြီး သင်္ကေတပဲ ထင်သာမြင်သာကျန်ရစ်တယ်။
ရုပ်ကို သေချာရှင်းရှင်းလင်းလင်း မမြင်ရတဲ့ လူသုံးယောက်ဖြစ်ပေမဲ့ ယောက်ျားနှစ်ယောက်၊ မိန်းမတစ်ယောက်ဆိုတာတော့ ခန့်မှန်းကြည့်လို့ရတယ်။ တစ်ယောက်က ဓားကိုကိုင်ထားပြီး နောက်တစ်ယောက်က ပုလွေကို ကိုင်ထားကာ တခြားတစ်ယောက်ကတော့ အမျိုးအမည်ခွဲခြားမရတဲ့ တစ်စုံတစ်ခုကို ကိုင်ထားတာပဲ။
"ဒီမိစ္ဆာအရှိန်အဝါတွေက ဖောက်ထွက်ဖို့အတွက် တကယ်ပဲ လူသုံးယောက်လိုတာ ဖြစ်နိုင်လား"
ကျင်းချီမျက်လုံးတွေ တောက်ပသွားတယ်။
သူက နှစ်ယောက်ကို လှည့်ကြည့်တယ်။
"ဒီမိစ္ဆာအရှိန်အဝါနံရံကို ငါတို့တူတူကြိုးစားတိုက်ခိုက်ကြည့်ရင်ရော"
"ကောင်းပြီလေ" ပိုင်ဟယ်က ခေါင်းညိတ်တယ်။
ယိချင်း တစ်ခဏတာ တိတ်နေပေမဲ့လည်း နောက်ဆုံးတော့ ခေါင်းညိတ်ပြလိုက်တယ်။
အဲတော့မှ သုံးယောက်သားရှေ့ကို တက်လာပြီး သူတို့ဝိညာဉ်ချီကို ဆွဲထုတ်ကာ ထူထဲတဲ့ မိစ္ဆာအရှိန်အဝါကို တိုက်ခိုက်ကြတော့တယ်။ သူတို့တွေ မိစ္ဆာအရှိန်အဝါနံရံက တွန့်သွားပြီး စတင်လှုပ်ခါလာတာကို မြင်လိုက်ရတယ်။ ကျင်းချီရင်ထဲ ပျော်ရွှင်မှုတစ်မျိုး ခံစားလိုက်ရပြီး လူတိုင်းကို အားအပြည့်သုံးဖို့ တိုက်တွန်းလိုက်လေတယ်။
"မကြာခင် ပွင့်တော့မယ်"
ဒါကြောင့် သူတို့တွေ ဝိညာဉ်ချီကို နောက်တစ်ကြိမ်ထပ်ပြီး တည်ငြိမ်အောင်လုပ်ရပေမဲ့ ဒီတစ်ကြိမ်တော့ တုံ့ပြန်မှုသိပ်မရှိ။ ယိချင်း မျက်မှောင်ကြုတ်ပြီး တစ်ချက်စဉ်းစားကြည့်ကာ သူ့ဝိညာဉ်ချီကနေ ဓားချီအဖြစ် တန်းပြောင်းလိုက်တယ်။
YOU ARE READING
ပျင်းနေပြန်တဲ့ ကိုယ့်ဆရာ (Book 2)
FantasyBook 1 က wall ထဲ ဝင်ဖတ်လို့ရပါတယ် Book 1 က wall ထဲ ဝင်ဖတ်လို့ရပါတယ်