အခန်း ၃၄၉ ။ ကျူးကျော်သော စီမံထိန်းသိမ်းသူ
သူတို့ တံခါးအပြင်မှာရပ်ပြီး ကြက်သေသေနေတယ်။ အထဲက အော်သံတွေက ကျယ်သထက်ကျယ်လာတယ်။ သူတို့ တစ်ခုခု ကြမ်းပြင်ပေါ် လူးလှိမ့်နေသံကိုပါ မသဲမကွဲ ကြားလိုက်ရတယ်။ နောက်ဆုံးတော့ သူတို့အံကြိတ်ကာ အထဲဝင်ဖို့ဆုံးဖြတ်ခဲ့ကြတယ်။
နန်းဆောင်အထဲမှာ ရှုပ်ပွနေချက်ပဲ။ စားပွဲနဲ့ကုလားထိုင်တွေက ကြမ်းပြင်မှာပြန့်ကျဲနေတယ်။ ကျင်းချီက အိပ်ရာအောက်လူးလှိမ့်နေပြီ။ သူက အရင်ကလိုမျိုး ရယ်ချင်စဖွယ်ကောင်းလောက်အောင် ရူးကြောင်ကြောင်ကောင်လေးနဲ့ မတူတော့ဘူး။ အဲအစား သူ့တစ်ကိုယ်လုံး ချွေးထွက်နေပြီး သူ့ဗိုက်ကြီးက အရင်ရက်ပိုင်းကထက် ဆယ်ဆလောက်ကြီးနေတယ်။ သူက တော်တော်ဆိုးဆိုးရွားရွားပုံ ပေါက်နေပြီး မျက်လုံးတွေက နာကျင်မှုကြောင့် ရူးသွပ်တော့မလိုမျိုး ရဲရဲနီနေတယ်။ ထပ်တလဲလဲ သူ့ကိုယ်နဲ့နံရံကို ဝင်တိုက်နေလေရဲ့။
ကူယွဲ့ ကျင်းချီကို ငြိမ်အောင်ထားဖို့ စည်းတံဆိပ်တစ်ခုကို အမြန် ဖန်တီးပြီး သူ့ကိုယ်သူ ဆက်နာကျင်အောင်မလုပ်ဖို့ တားမြစ်လိုက်တယ်။ နောက်တော့ သူက လေဂါထာတစ်ခုကိုသုံးကာ သူ့ကိုအိပ်ရာပေါ်ပြန်ချီသွားလိုက်တယ်။ ကူယွဲ့က ကျင်းချီသိပ်မနာကျင်အောင် သူ့ခံစားချက်ငါးပါးကို ပိတ်ဖို့လုပ်လိုက်တယ်။ ဒါပေမဲ့တဖြည်းဖြည်း နားလည်လိုက်ရတာ ဒါက သိပ်ပြီး အကျိုးမဖြစ်ဘူးဆိုတာပဲ။ ကျင်းချီအော်သံတွေက ပိုပြီးသာကျယ်လောင်လာပြီး ကြားရတာ ပိုနာကျင်စရာကောင်းလာတယ်။ အသေအချာ တွေးပြီးနောက်မှာတော့ တံခါးမှာ ကြည့်နေတဲ့တပည့်တွေက ဒါသာ အလုပ်ဖြစ်မယ်ဆို အစောကြီးတည်းက လုပ်ပြီးတာ ကြာလှပြီလောက်မှန်း နားလည်သွားခဲ့တယ်။ ကြည့်ရတာ ရေပန်းက ကျင်းချီခန္ဓာကိုယ်ရဲ့ဖွဲ့စည်းပုံကို ပြောင်းလဲပစ်ပုံပဲ။
"ကယ်ကြပါ... ကယ်ကြပါ" ကျင်းချီက အခန်းထဲဝင်လာတဲ့ လေးယောက်ကို ကြည့်လိုက်တယ်။ ဘယ်သူလဲတောင် သူဂရုမစိုက်တော့ဘူး - သူလိုချင်တာ နာကျင်မှုရပ်သွားဖို့ပဲ။
တစ်ခဏ စဉ်းစားပြီးတဲ့နောက် ကူယွဲ့ ယွီဟုန့်ဘက် မျက်နှာလှည့်လိုက်တယ်။
YOU ARE READING
ပျင်းနေပြန်တဲ့ ကိုယ့်ဆရာ (Book 2)
FantasyBook 1 က wall ထဲ ဝင်ဖတ်လို့ရပါတယ် Book 1 က wall ထဲ ဝင်ဖတ်လို့ရပါတယ်