အခန်း ၃၈၄ ။ ခမ်းကြီးနားကြီး ဝင်ရောက်မှု
စုန့်ရန်သတိဝင်လာချိန် ၃ရက်ကြာသွားခဲ့ပြီ။ သူ့ကိုယ်ထဲက အငြိုးအတေးစွမ်းအင်တွေက အဲချိန်ပျောက်သွားပြီဖြစ်ပြီး သူ့နဂို ဖောက်ထွင်းမြင်ရတဲ့ပုံစံပြန်ဖြစ်သွားတယ်။
တစ်ခုတည်းသောကိစ္စက... သူ ဘာလို့အဝတ်လှမ်းတဲ့တိုင်မှာ တွဲလောင်းကျနေတာလဲ။
အတိအကျဘာတွေဖြစ်ခဲ့တာလဲ။
"ဟေး နင်ခြောက်ပြီလား" ရှန်းရင်က ပြတင်းပေါက်ဘောင်ကို တက်လာကာ လက်ယမ်းပြတယ်။
"ကြီးမြတ်တဲ့အမတရှန်း..." စုန့်ရန် တန့်သွားတယ်။ "ခြောက်တယ်" ဆိုတာ ဘာတုံး။ သူနိုးပြီလားလို့ မေးချင်တာမလား။ သူ ရှန်းရင်ဆီပျံသန်းသွားဖို့ အလိုလိုကြိုးစားကြည့်ပေမဲ့ အလင်းတန်းတစ်ခုက သူ့ကို တိုင်မှာပြန်ဆွဲထားတယ်။ အဲတော့မှ သူ့ပတ်လည်မှာ အကြည်ရောင်အင်းကွက်တစ်ခုရှိနေပြီး သူ့ကို အဝတ်လှမ်းတိုင်မှာ ငြိနေစေတာကို နားလည်လိုက်ရတာပဲ။ သူ လှုပ်တောင်လှုပ်မရ။
"ဒီ... ဒီက"
"အိုး နင် လေနဲ့ပါသွားမှာ စိုးရိမ်စရာ မလိုအောင်လေ" ရှန်းရင်က ရှင်းပြပြီး သူမနောက်ကလူကို လှည့်ပြောတယ်။
"စားဖိုမှူး"
"ဟုတ်ကဲ့ဆရာ" ယိချင်းက လက်တစ်ဖက်နဲ့ စုန့်ရန်ပတ်လည်က အင်းကွက်ကို ဖြည်ပေးတဲ့စည်းချိပ်တစ်ခု ဖန်တီးလိုက်တယ်။
အဲတော့မှ စုန့်ရန် အဝတ်လှမ်းတိုင်ကနေ ဆင်းလာပြီး အထဲမျောလွင့်လာခဲ့တယ်။
"ကြီးမြတ်တဲ့အမတ၊ ကျွန်တော်...ကျွန်တော် ဘာဖြစ်သွားတာလဲ" သူ့ကြည့်ရတာ လုံးဝဇဝေဇဝါ ဖြစ်နေတယ်။ သူမှတ်မိတဲ့နောက်ဆုံးတစ်ခုက ကြီးမြတ်တဲ့အမတယိချင်းနဲ့အတူ သွေဖည်တစ္ဆေတွေကိစ္စကို ဖြေရှင်းဖို့ သွားခဲ့တာပဲ။ ဘယ်လိုလုပ် သူ အဲအဝတ်လှမ်းတိုင်ပေါ် တင်နေတာလဲ။
"မင်း ဘာမှမမှတ်မိဘူးလား" ယိချင်းက မျက်မှောင်ကြုတ်ကာ မေးလိုက်တယ်။
စုနိ့ရန်က သူ့ကိုအူကြောင်ကြောင် ပြန်စိုက်ကြည့်ပြီး မရေမရာအမူအရာနဲ့ တစ်အောင့်နေတော့ သူက မျက်နှာရှုံ့တယ်။
BẠN ĐANG ĐỌC
ပျင်းနေပြန်တဲ့ ကိုယ့်ဆရာ (Book 2)
Viễn tưởngBook 1 က wall ထဲ ဝင်ဖတ်လို့ရပါတယ် Book 1 က wall ထဲ ဝင်ဖတ်လို့ရပါတယ်