အခန်း ၃၆၅ ။ မိတ်ဆွေများ

411 75 0
                                    

အခန်း ၃၆၅ ။ မိတ်ဆွေများ

ကူယွဲ့မှင်တက်သွားတယ်။ ငုံ့ကြည့်လိုက်တော့ သူ အဲသစ်ပင်အောက် ခရမ်းရောင်အလင်းဖျော့ဖျော့ကို မြင်လိုက်ရတယ်။ ပါးလွှာတဲ့ကြိုးထောင်ချီကျော်က အောက်ခြေဆီ တန်းစီးဆင်းနေပြီး အမြစ်အောက်မှာတော့ စမ်းရေလိုခရမ်းရောင်ရေကန်တစ်ခု စုဝေးနေတယ်။ သူက ခပ်ဖျော့ဖျော့ တောက်ပနေလေရဲ့။

"မူလရင်းမြစ်ခရမ်းရောင်အငွေ့" မုန့်ဟုန်က အံ့ဩတကြီး ရေရွတ်တယ်။

"ငါတို့ မူလရင်းမြစ်ခရမ်းရောင်အငွေ့က ဘယ်လိုလုပ်... မဟုတ်ဘူး မဟုတ်ဘူး ဒါမူလရင်းမြစ် ခရမ်းရောင်ငွေ့ မဟုတ်ဘူး" မူလအရင်းအမြစ်ခရမ်းရောင်ငွေ့က သူတို့စွမ်းအားရဲ့ အရင်းအမြစ်ဖြစ်ပြီး သူတို့မျက်နှာပြင်ဖွဲ့စည်းတုန်း ဖြစ်ပေါ်လာခဲ့တဲ့။ အသန့်စင်ဆုံးစွမ်းအင်ဆိုပေမဲ့ သာမန်ခရမ်းရောင်အမျှင်တန်းလေးတွေပဲ။ ဒါပေမဲ့ ဒီမှာက ခရမ်းရောင်ရေကန်ဖြစ်နေတယ်။ အရှိန်အဝါက ခရမ်းရောင်အငွေ့ဟာနဲ့တူပေမဲ့ ဒါကအများကြီးပိုထူနေတာပဲ။

ဒါ ဘာကြီးလဲ။ လူတိုင်း မိစ္ဆာနတ်ဘုရားကို လှည့်ကြည့်တယ်။

မိစ္ဆာနတ်ဘုရားက မှင်တက်နေပြီး တစ်ခဏအကြာမှာ ခေါင်းညိတ်တယ်။

"ငါတကယ်ပဲ မင်းတို့ မူလအရင်းအမြစ်ခရမ်းရောင်ငွေ့ကို ဒီအပြင်ဘက်ဘုံမှာ ဝှက်ခဲ့တာ၊ ဘယ်လိုပဲဖြစ်ဖြစ် ဒါက အန္တရာယ်အများဆုံးနေရာလေ၊ အလုံခြုံဆုံးပေါ့"

ဟုန်မုန့်လက်တွေ တင်းမာလာပြီး ပိုဒေါသထွက်လာတယ်။ သူတို့အပြင်ဘုံကနေ လွတ်မြောက်ဖို့ကြိုး စားပြီးတဲ့နောက်မှာ  မူလအရင်းအမြစ် ခရမ်းရောင်ငွေ့ကကို လုံးဝရှာမတွေ့ခဲ့တာ အံ့ဩရာမရှိတော့ဘူး။ တကယ်ကို သူတို့မျက်စိအောက်မှာတင် ဝှက်ထားတာပဲ။

"ဒါပေမဲ့..." မိစ္ဆာနတ်ဘုရားင ‌သစ်ပင်အောက်က ခရမ်းရောင်ရေပန်းကိုကြည့်တယ်။

"ဒါ ဘယ်လိုလုပ် ဒီလိုဖြစ်လာလဲ ငါလည်း မသေချာဘူး"

"စားဖိုမှူး..." ကူယွဲ့ ယိချင်းကို တွန်းလိုက်တယ်။

"မင်း ဒီရေပန်းကိုမြင်ဖူးတယ်မခံစားရဘူးလား..."

"အရင်တစ်ခေါက်က ဘဝရေပန်း" ယိချင်း ကူယွဲ့အဓိပ္ပာယ်ကို ချက်ချင်း သဘောပေါက်သွားတယ်။ သားဖွားမှုသစ်ပင် ဖြစ်နေတာ မဆန်းတော့ဘူး။

ပျင်းနေပြန်တဲ့ ကိုယ့်ဆရာ (Book 2)Where stories live. Discover now