အခန်း ၃၉၈ ။ အနီနဲ့အနက် စုံတွဲ

353 60 0
                                    

အခန်း ၃၉၈ ။ အနီနဲ့အနက် စုံတွဲ

မမလေးဆီ ပန်းတွေ ပို့ပေးတဲ့သူ့ရဲ့ နေ့စဥ်တာဝန်က သားတစ်ယောက်ရသွားတာနဲ့ အဆုံးသတ်သွားမယ်လို့ မုန်လာဥဖြူ မထင်ခဲ့ဘူး။ အကြီးတစ်ယောက်အနေနဲ့ လိင်အမျိုးအစားခွဲခြားတဲ့ အလှအပကိုးကွယ်သူတစ်ယောက်တဲ့ မုန်လာဥဖြူက ဒီရုတ်တရက်ရလာတဲ့သားကို သဘောမကျမှုအချို့ ခံစားခဲ့ရတယ်။ အဓိကကတော့ မမလေးတစ်ယောက် မဟုတ်လို့ပေါ့။

ဝူတိဂိုဏ်းရဲ့တပည့်ရာချီတွေကြားမှာ ပထမဆုံး သားတစ်ယောက်ရတဲ့သူလို့ ကူယွဲ့က သူ့ကိုပြောတော့မှ နန်းတော်ကြီးတစ်ခုလုံးမှာ ထူးခြားတန်ဖိုးရှိတဲ့ တစ်ယောက်တည်းသောအနေနဲ့ သူ့ဒေါသတွေကို လျော့သွားခဲ့တယ်။ သူက အဲ့ဒုဓလီပန်းကို ပျော်ပျော်ရွှင်လက်ခံပြီး သူ့မှာရှိသမျှ အကုန်သင်ကြားပေးဖို့ ရည်ရွယ်နေတဲ့ပုံပဲ။

စုန့်ရန်ရဲ့ မှတ်ဥာဏ်ပျောက်ဆုံးမှုကြောင့် သူက သူ့ကိုယ်သူ အပင်ဝိညာဥ်ဆိုတဲ့ကိစ္စကို အလွန်အလွယ်တကူပဲ လက်ခံခဲ့တယ်။ နေ့တိုင်း သူက မုန်လာဥဖြူနောက်လိုက်ပြီး လျှောက်သွားတယ်။  သူတို့တွေက နေရာတိုင်း ကြိုးကြာတွေကို လိုက်အနိုင်ကျင့်ရုံတင်မကဘူး နေ့တိုင်းအနောက်တောင်က တွင်းထဲမှာ သူတို့ကို ရေလောင်းမဲ့သူတွေကို မုန်လာဥဖြူနဲ့အတူ လိုက်ထိုင်စောင့်တယ်။

မကြာခင်မှာပဲ တစ်ဂိုဏ်းထဲက တပည့်တွေက ပြဿနာတစ်ခုပြီးတစ်ခုရှာဖို့အတွက် မုန်လာဥဖြူနဲ့အတူ နောက်ထပ် ဒုဓလီပန်းတစ်ခု ပါဝင်လာပြီဖြစ်ကြောင်း သိလိုက်ရတယ်။ နေ့တိုင်းသူတို့က ဝိညာဥ်သားရဲတွေရဲ့အမွေးကို နုတ်ရင်နုတ် မနုတ်ရင် အမတဆေးမြစ်တွေရဲ့ ပွင့်နေတဲ့ပန်းပွင့်တွေကို ခူးကြတယ်။

ကူယွဲ့က စုန့်ရန်ရဲ့ ကျင့်ကြံစဥ်က အရမ်းမြန်နေမှာကို စိုးပြီး နှစ်ယောက်သားရဲ့ ပတ်သက်မှုကို လက်ခံလိုက်တဲ့ ဆုံးဖြတ်ချက်အပေါ် သံသယဖြစ်မိလာတယ်။ ဒါပေမဲ့ ဂိုဏ်းထဲမှာ ကိစ္စတွေ များလွန်းလို့ သူ နောက်ထပ် တွေးနေဖို့အချိန်မရှိ။ ပြီးတော့ သူ အဲဒီ ကမ္ဘာငယ်လေးတွေဆီ ဆင်းဆင်းသွားပြီးတော့ အဲဒီကျင့်ကြံသူတွေရဲ့ သင်ကြားမှုအခြေအနေကိုလည်း စစ်ဆေးရသေးတယ်။ ဒါကြောင့် ပိုတောင်မှ အချိန်မရှိဘူး။

ပျင်းနေပြန်တဲ့ ကိုယ့်ဆရာ (Book 2)Donde viven las historias. Descúbrelo ahora