320
အခန်း ၃၂၀ ။ ဟုန်ယွီဆန်းကြယ်ဘုံကူယွဲ့ သူနားထောင်နေတဲ့ အတင်းအဖျင်းထဲ တိုက်ခိုက်ခံလိုက်ရမယ် မထင်ခဲ့ဘူး။ တစ်ခဏတာ သူ့တစ်ကိုယ်လုံးကနေ အေးစက်တဲ့ အရှိန်အဝါတွေထွက်လာပြီး တပည့်အုပ်ဆီ တန်းသွားတော့တယ်။
တပည့်တွေက ထိတ်လန့်သွားပြီး လာတဲ့သူနှစ်ယောက်ကိုလည်း မြင်ရော စပြီး အသည်းအသန် တုန်ယင်လာကာ သူတို့အမူအရာက လုံးဝကို စိတ်လှုပ်ရှားနေတယ်။ သူတို့ ခက်ခက်ခဲခဲ ဂါရ၀ပြုလိုက်ရတယ်။
"နှုတ်ခွန်းဆက်သပါတယ် ဆရာသခင်"
"မင်းတို့ ဒီမှာ အဓိပ္ပာယ်မရှိတာတွေပြောဖို့ အချိန်ရှိမှတော့ အင်းကွက်တွေ ဖောက်ထွက်ဖို့ကို အရမ်းယုံကြည်ချက်ရှိနေမှာပဲ"
အားလုံး ။ ။ "..."
ကူယွဲ့က လက်ယမ်းလိုက်တော့ လေဂါထာတစ်ခုက တပည့်တွေကို ဘေးကအင်းကွက်တွေဆီ ပြန်မှုတ်ထုတ်လိုက်တယ်။
တစ်ခဏတာ အင်းကွက်က နာကျင်စွာအော်သံတွေနဲ့ ပြည့်သွားလေရဲ့။
သူတို့ ဧည့်သည်ခန်းဆောင်ဆီ မရောက်ခင်ထိ ကူယွဲ့ အမူအရာက မာထန်နေပြီး ဂိုဏ်း အင်းကွက်တွေအားလုံးရဲ့ ခက်ခဲမှုကို တိုးမြှင့်ချင်နေတယ်။ ပြီးတော့ အဲကျမှ အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောဖို့ အချိန်ရဦးမလား မြင်ချင်ပါရဲ့။
"ဆရာသခင်... ကူယွဲ့" လော့ဟုန်လည်း ကူယွဲ့ စိုက်ကြည့်မှုကြောင့် ဇဝေဇဝါဖြစ်သွားတယ်။ သူ ဂိုဏ်းထဲကကိစ္စတွေကို စဉ်းစားလိုက်တယ်။ သူတို့တွေ ငွေရေးကြေးရေး မဆုံးရှုံးထားဘူးမလား။ ဝိညာဉ်ဆေးပင်တွေနဲ့ ဓမ္မအသုံးအဆောင်တွေကနေ ဝင်ငွေတွေက နှစ်ဆတိုးပြီး ဝန်ထုပ်တိုးအောင် တပည့်အသစ်လည်း မရှိပါဘူး။
ဘာကြောင့် ဆရာသခင်အမူအရာက အရမ်းကိုဆိုးရွားနေတာလဲ။
"ဘာလို့ ငါတို့ကို ဒီခေါ်တာလဲ" ကူယွဲ့က ကုလားထိုင်တစ်လုံးမှာဝင်ထိုင်ပြီး ရေခဲတမျှ အေးစက်တဲ့ အကြည့်က လော့ဟုန်ပေါ် ကျရောက်လာတယ်။
လော့ဟုန် ချက်ချင်းပဲ အလိုလိုတုန်ယင်သွားခဲ့တယ်။ ဆိုး... ဆိုးဝါးလိုက်တာ သူ မနေနိုင်ဘဲ ရှန်းရင်ဘက် အကူအညီတောင်းဖို့ လှည့်ကြည့်လိုက်တယ်။
YOU ARE READING
ပျင်းနေပြန်တဲ့ ကိုယ့်ဆရာ (Book 2)
FantasyBook 1 က wall ထဲ ဝင်ဖတ်လို့ရပါတယ် Book 1 က wall ထဲ ဝင်ဖတ်လို့ရပါတယ်