အခန်း ၃၅၇ ။ အံ့ဩစရာမျက်နှာပြင်
ကူယွဲ့ ဆက်သွယ်ဖို့ သူ့လက်ပတ်ကို အမြန်နှိပ်လိုက်ပေမဲ့ တုံ့ပြန်မှုမရှိ။ ရှန်းရင်ပြောခဲ့တဲ့ ကန့်သတ်ချက် ဖြစ်နိုင်လား။ သူတို့ ဝင်လာတဲ့ နေရာက ကြုံရာကျပန်းဖြစ်တဲ့အပြင် ဒီမှာ လက်ထောက်အာဏာကိုတောင် အသုံးမချနိုင်ဘူးလား။
ဒါဆို သောက်ကျိုးနည်း ဘယ်လိုရှာရမလဲ။
သူ သူ့ပတ်ဝန်းကျင်ကိုကြည့်ပြီး အချက်အလက်အချို့ကို အရင်စုဆောင်းဖို့ အမတမြို့တစ်ခုအရင်ရှာဖို့ ဆုံးဖြတ်လိုက်တယ်။ သူ့ဓားကို ထုတ်ဖို့ ပြင်ဆင်နေချိန်မှာတင်...။
ကူယွဲ့ အလိုလို သူ့အမတဓားကို ထုတ်ချင်ပေမဲ့ အဲဒီငှက်သဏ္ဌာန်ကြီးက သူ့ရှေ့ ဖျတ်ခနဲ တောက်ပသွားပြီး လူသားအသွင်သို့ ပြောင်းလဲသွားခဲ့တယ်။ သူက ပြုံးရင်း ကူယွဲ့ဆီ လျှောက်လာတယ်။
"ဒီအမတရောင်းရင်း ဘယ်သွားမှာပါလဲ၊ သီးသန့်ငှက်ဝန်ဆောင်မှုကို လိုချင်ပါသလား၊ ခေါက်တုံ့ခေါက်ပြန်ခရီးစဉ်တွေ ပါဝင်ပါတယ်၊ ဇိမ်ခံယာဥ်နဲ့ ကြယ်ငါးပွင့်အတွေ့အကြုံကို ခံစားလိုက်ပါ၊ အမတစွမ်းအင်သုံးစွဲမှု သုည၊ တိတိသားရဲဝန်ဆောင်မှုက ၉၉ရာခိုင်နှုန်း အပြုသဘောဆောင်တဲ့ အဆင့်သတ်မှတ်ချက်ရှိပါတယ်"
[တိတိက တရုတ်အငှားယာဉ်ကုမ္ပဏီတစ်ခုပါ]
"..."
ဘာလဲဟ။
(⊙_⊙)
"အမတရောင်းရင်းကြည့်ရတာ မရင်းနှီးဘူး၊ ဖောက်သည်အသစ်တွေက ပထမဆုံးစီးနင်းမှုအတွက် ၃၀ရာခိုင်နှုန်း လျှော့စျေးကို ခံစားနိုင်ပါတယ်၊ အလယ်အလတ်အဆင့် အမတကျောက်တုံး ၃ လုံးပဲ ကုန်ကျပါမယ်၊ ပြီးပြည့်စုံတဲ့ အချိန်တိကျမှု အာမခံချက်နဲ့ ခင်ဗျားအမိန့်အတိုင်း ရပ်တန့်ပြီး ထွက်ခွာနိုင်ပါတယ်၊ အမတရောင်းရင်း အခုထွက်ခွာချင်ပါသလား" ဒီလိုပြောပြီး သူ့နောက်ကျောကို ပြင်းပြင်းထန်ထန် လှမ်းပုတ်တယ်။
ကူယွဲ့ ပါးစပ်တွန့်သွားတယ်။
"အ… အဆင်ပြေပါတယ်၊ ငါ့ဘာသာ ပျံသန်းနိုင်တယ်" အဲလိုပြောပြီး သူ သူ့ဓားပေါ် ပျံတက်လိုက်တယ်။
BẠN ĐANG ĐỌC
ပျင်းနေပြန်တဲ့ ကိုယ့်ဆရာ (Book 2)
Viễn tưởngBook 1 က wall ထဲ ဝင်ဖတ်လို့ရပါတယ် Book 1 က wall ထဲ ဝင်ဖတ်လို့ရပါတယ်