အခန်း ၃၈၃ ။ အဖေ့ကို နေ့စဉ်တစ်ပတ်ရိုက်ခြင်း
ယွင်ဟန့်က မြန်လွန်းတယ်။ ဒုတိယနေ့မှာ သူက စိတ်တန်ခိုးတာအိုရှေးဟောင်းစာပေအုပ်လိုက်ကြီး ထုတ်လာတယ်။ ယိချင်းက စာတွေက မတူညီတဲ့ သိုင်းတွေအကြောင်းလို့ထင်ခဲ့ပေမဲ့ သူတို့က တကယ်တော့ အဆောင်တွေအတွက် မတူညီတဲ့ နမူနာပုံစံတွေနဲ့ ပြည့်နေတယ်။ သူတို့တွေက ရေရေရာရာ အသုံးဝင်တာမပါတဲ့ အဆောင်ငယ်တွေ - ဖုန်စုအဆောင်တို့၊ အရှိန်မ့န် အဆောင် - နဲ့ တိုက်ခိုက်ရေးမှာ အဓိကသုံးတဲ့ ပင်မအဆောင်တွေ - မိုးကြိုးလက်ဖွဲ့နဲ့ မီးအဆောင်တို့လိုမျိုးပဲ။ အဆောင်မျိုးစုံကထု စာရွက်တွေထဲ တွေ့နိုင်တယ်။
"ခင်ဗျားတို့ကျင့်ကြံမှုက ကျုပ်နဲ့ ဘယ်လိုကွဲပြားလဲပဲ နားလည်ချင်တာ၊ ကျုပ်ကို အခြေခံသိုင်းတွေပြရုံနဲ့ လုံလောက်ပြီမလား" ယွင်ဟန့် အထင်လွဲနေတယ်ထင်လို့ ယိချင်းရှင်းပြလိုက်တယ်။
"ဒါပေမဲ့... ဒါတွေပဲလေ" ယွင်ဟန့်က ခေါင်းညိတ်တယ်။
"စိတ်တန်ခိုးကျင့်ကြံမှုရဲ့ အစိတ်အပိုင်းတွေဖြစ်တဲ့ အဆောင်နဲ့ သိုင်းတွေအားလုံးကို ဒီမှာရှာတွေ့နိုင်ပါတယ်"
"ဒါတွေ" ယိချင်း နောက်တစ်ကြိမ် စားပွဲပေါ်ကစာအုပ်တွေကို လေ့လာလိုက်တယ်။
"ချီကိုခင်ဗျားတို့ကိုယ်ထဲ ဆွဲထည့်နိုင်အောင်လုပ်တဲ့ သိုင်းတွေရော မရှိဘူးလား"
ယွင်ဟန့်က သူ့ကိုအူကြောင်ကြောင် ပြန်စိုက်ကြည့်နေတယ်။
"ဘာကိုဆိုလိုတာပါလဲ"
"..." ယိချင်း ရုတ်တရက် တစ်ခုခုလွဲနေသလို ခံစားလိုက်ရတယ်။
"ခင်ဗျားတစ်ခါမှ ဝိညာဉ်ချီကို ကိုယ်ထဲ စုပ်မယူဖူးဘူးလား"
"ဝိညာဉ်ချီလား" ယွင်ဟန့်က ခုသိသိသာသာ ဇဝေဇဝါဖြစ်နေပြီ။
"ခင်ဗျားပုံမှန်ဆို အဆောင်တွေကို ဘယ်လိုဆွဲလဲ" ယိချင်း နည်းပြောင်းဖို့ကြိုးစားလိုက်တယ်။
"အော်၊ ကျွန်တော်တို့ ကောင်းကင်နဲ့မြေကြီး အာရုံခံမှုပဲလိုတာပါ၊ ပြပါရစေ" သူက ချက်ချင်း ယိချင်းအတွက် နမူနာပြလို့ရအောင် အဆောင်စာရွက်နဲ့ ဆေးရယ်ကျောက်တုံးတွေရယ်ပါ ထုတ်လိုက်တယ်။ ပထမဆုံး သူက အမွှေးတိုင်တချို့ကို ထွန်းညှိတယ်။ နောက်တော့ အင်မတန်တည်ကြည်တဲ့အကြည့်နဲ့ စုတ်တံကိုကောက်ယူကာ စာရွက်ပေါ်စရေးတော့တယ်။
VOCÊ ESTÁ LENDO
ပျင်းနေပြန်တဲ့ ကိုယ့်ဆရာ (Book 2)
FantasiaBook 1 က wall ထဲ ဝင်ဖတ်လို့ရပါတယ် Book 1 က wall ထဲ ဝင်ဖတ်လို့ရပါတယ်