ပြန်လည်မွေးဖွားပြီးအကျင့်ပုပ်တဲ့ယောက်မကိုနှိပ်စက်မယ်

1.8K 146 0
                                    

Chapter 5

(လမ်းလျှောက်သွားခြင်း)

ဝေ့ထင် ကိုရဖို့အတွက် အိပ်မက်မက်နေကြသည့် မိန်းကလေး အနုပညာရှင်များသည် သီးသန့်ခန်းထဲမှာ ရှိနေကြ၍ ဝေ့ရွှယ် စိုးရိမ်နေမိသည်။  တစ်စုံတစ်ယောက်က ဝေ့ထင်အားလုယူသွားမှာကို သူမ ကြောက်မိသည်။  ထိုသို့ဖြစ်သွားလျှင် သူမမှာ စုမုန့် အပြင် တစ်ခြားပြိုင်ဘက်များလည်း ရှိလာပေလိမ့်မည်။

ယခုလည်း သူမသည် ဝေ့ထင်ဘက်သို့သာ သွားချင်မိသည်။  သူမ ထွက်သွားချင်သော်လည်း စုမုန့် က သူမလက်ကိုကိုင်ထား‌ေလသည်။ သူမ  ဆုပ်ကိုင်ထားပုံက အတော်လေးတင်းကျပ်သဖြင့် မနာကျင်သော်လည်း မရုန်းနိုင်ပေ။

စုမုန့် သည် ဝေ့ရွှယ် တွေးနေသည့်အရာကို သိသောကြောင့် သူမကို တမင်တကာ ပြန်မလွှတ်ပေးလိုက်ပေ။  မီးတောက်ထဲကိုတောင် လောင်စာတောင်ထည့်လိုက်သည်။

"ရှောင်ရွှယ်… ဝေ့ထင် က သူ့ဘေးနားက အလှလေးတွေကို ကြိုက်မယ်လို့ နင် ထင်နေတာလား… သူတို့က အရမ်းလှတယ်နော်..မိတ်ကပ်မလိမ်းထားရင်တောင် ငါတို့ထက် ပိုလှနေသေးတာ မဟုတ်လား…နင်လည်း အရမ်းလှပေမယ့်လေ နင်က ဝေ့ထင်ရဲ့ ညီမဖြစ်နေတော့ နှမြောစရာပဲနော်"

ပြောသူက ရည်ရွယ်ချက်ရှိရှိ ပြောသလို၊ နားထောင်သူကလည်း ရည်ရွယ်ချက်ရှိရှိ နားထောင်နေခြင်းပင်။

နောက်ဆုံးစကားက ဝေ့ရွှယ် နှလုံးသားထဲကို တည့်တည့်တိုးဝင်သွားသည်။ သူမသည် ဝေ့ထင် ၏ မွေးစားညီမဖြစ်သည်ဆိုသောအချက်သည် နှလုံးသားထဲတွင် အမြဲဆူးတစ်ချောင်းလို ထိုးစိုက်ထားခံရသည်။ သူမသည် ဤမွေးစားသမီးဆိုသော ဂုဏ်ပုဒ်ကြောင့် အဆင့်အတန်းနှင့် ကြွယ်ဝချမ်းသာမှုကို ရရှိခဲ့သော်လည်း ဝေ့ထင်ကို လိုက်နိုင်မည့် သူမ လမ်းကိုလည်း ပိတ်ဆို့ခံခဲ့ရသည်။

ဝေ့ရွှယ် သည် စုမုန့် ၏စကားကိုကြားပြီးနောက် ညှိုးနွမ်းနေသောပန်းတစ်ပွင့်ကဲ့သို့ ဘာမှဆက်မပြောနိုင်တော့‌ေပ။ သူမ နှလုံးသားထဲက ဒေါသများကို ထုတ်ပစ်ဖို့ နေရာမရှိဖြစ်နေချိန်မှာ စုမုန့် က သူမကို ဆွဲခေါ်သွား၏။

ပြန်လည်မွေးဖွားပြီးအကျင့်ပုပ်တဲ့ယောက်မကိုနှိပ်စက်မယ်Where stories live. Discover now