chapter 99

560 52 0
                                    

Chapter 99 sister in law
Chapter 99December 09, 2023
(ဝေ့ရွှယ်ကို မေးရမယ်)

"ဘယ်လိုပဲဖြစ်ဖြစ် ရှောင်ထင်က စုမုန့်ကို ကွာရှင်းတော့မယ်လေ...နောက်ဆို သူမအကြောင်း မပြောပါနဲ့...ငါတို့ ဝေ့မိသားစုရဲ့ချွေးမကို ကိုယ်တိုင်ရွေးချယ်ချင်တယ်... မိသားစုကြီးတစ်ခုကနေ လိုက်ဖက်ညီပြီး ပညာတတ် မိန်းမပျိုကို ရွေးချယ်ရမယ်....သေချာတာကတော့ စုမုန့် လိုမျိုး ရိုင်းစိုင်းတဲ့ မိန်းကလေး မဖြစ်နိုင်ပါဘူး” 

ဘေးနားမှ တိတ်တိတ်ဆိတ်ဆိတ်နေခဲ့သော အဖေဝေ့သည် ရုတ်တရက် စကားစလိုက်သည်။

ဝေ့ထင်သည် အခန်းထဲတွင် မတ်တပ်ရပ်ပြီး သူနှင့် စုမုန့် အကြား ပြဿနာကို လူသုံးယောက်ပြောနေတာကို နားထောင်နေမိသည်။ သူ့မျက်ခုံးတွေကတော့ တွဲကျလုနီးပါး တွန့်ချိုးနေရလေသည်။

“အ‌မေတို့ ဒီကိစ္စကို ဂရုစိုက်နေဖို့ မလိုဘူး...ကျွန်တော် စုမုန့်ကို ကွာရှင်းမှာ မဟုတ်ဘူး…နောက်နောင် ဒီကိစ္စကို ထပ်မပြောနဲ့”

သူက အေးစက်စွာပြောလိုက်သည်။

"ဘာ" 

အဖေဝေ့နှင့် အမေဝေ့တို့က တစ်ချိန်တည်းတွင် အော်ပြောလိုက်သည်။

“ဒီကိစ္စကို ကျွန်တော်ကိုယ်တိုင် ကိုင်တွယ်နိုင်ပါတယ်...သူမကို ပြဿနာရှာမနေပါနဲ့... အမေ ဘာလို့  ထောင်ကျသွားတယ်ဆိုတာ အမေကိုယ်တိုင် ကောင်းကောင်းသိတယ်…ဒီကိစ္စအတွက် သူမကို အပြစ်တင်လို့ မရပါဘူး”

ဝေ့ထင် တိုးတိုးလေးပြောလိုက်၏။သူ ပြန်ရောက်ကတည်းက စကားမပြောဖြစ်ပေ။သူတို့ သုံးယောက်လုံးသာ စကားတွေချည်း ပြောနေသည်။ယခု သူပထမဆုံးပြောခဲ့တာက စုမုန့် ကိုယ်စား ပြောနေခြင်းပင်။

အမေဝေ့၏ ဒေါသသည် ချက်ချင်းပင် လောင်ကျွမ်းသွားကာ ဒေါသတကြီးနှင့်

"စုမုန့် အတင့်ရဲလိုက်တာ...ငါ့သားလေးကိုများ ဖျားယောင်းရက်တယ်...အခုတော့ ငါ့သားက ငါ ထောင်ကထွက်လာတာတောင် ငါ့ကို ဂရုမစိုက်ဘဲ မိန်းမဘက်က လိုက်ပြောနေပါလား"

ပြန်လည်မွေးဖွားပြီးအကျင့်ပုပ်တဲ့ယောက်မကိုနှိပ်စက်မယ်حيث تعيش القصص. اكتشف الآن