ပြန်လည်မွေးဖွားပြီးအကျင့်ပုပ်တဲ့ယောက်မကိုနှိပ်စက်မယ်

1.8K 148 0
                                    

Chapter 7

(ကျားမ ခွဲခြားခြင်း)

ရှေးဟောင်းလမ်းသည် ဆေးရုံနောက်ဘက်ရှိ မီတာရာဂဏန်းအကွာတွင် ရှိသည်။ သို့သော်လည်း၊ စုမုန့် နှင့် ဝေ့ထင် တို့သည် ဆေးရုံကို လှည့်ပတ်ကာ လမ်းလျှောက်သွားရသည်မို့  ဆယ်မိနစ်ကျော်ကြာသွားသည်။

လမ်းအ၀င်ဝတွင် ' ရှေးဟောင်းဧကရာဇ်' ဟူ၍ စာလုံးဖြင့် ရေးထွင်းထားသော ကျောက်စာတန်းတစ်ခုရှိသည်။ ကျောက်ပြားသည် ဟောင်းနွမ်းနေပြီး အပေါ်မှ အနီရောင်ဆေးများမှာ ပျက်ပြယ်နေတော့သည်။ သို့သော် ယင်းသည် ရှေးဟောင်းလမ်း၏ သာယာဝပြောမှုကို မထိခိုက်စေခဲ့ပေ။  အထဲမှာ နေရာက မကျယ်ဝန်းသဖြင့် ကားတွေ ဝင်လို့မရသည့်အပြင် လမ်း တစ်ဖက်တစ်ချက်စီတွင် ဈေးဆိုင်များပါ ရှိသောကြောင့် လာရောက်လည်ပတ်သူများနှင့် စည်ကားနေသည်။

သို့သော် မည်မျှပင် စည်ကားနေပါစေ၊ အဓိကအားဖြင့် ရှေးဟောင်းပစ္စည်း ရောင်းချသူများဖြင့်သာ စည်ကားနေခြင်း ဖြစ်သည်။ သက်တမ်းရင့်လေလေ ပိုနာမည်ကြီးလေလေပင်။  လူတိုင်းသည် သူတို့၏ဆိုင်ခန်းများကို အလွန်ရှေးဆန်သော ပုံစံဖြစ်အောင် ဖန်တီးထားကြပြီး တစ်ဆိုင်ချင်းစီသည် အပြိုင်အဆိုင် ပို၍ ဟောင်းနွမ်းစေရန် ပြင်ဆင်ထားလျက်ရှိ၏။  ထို့ကြောင့် အမှိုက်မရှိသည့်တိုင် လမ်းများသည် အနည်းငယ်ညစ်ပတ်သလို ဖြစ်နေသည်။

ဝေ့မိသားစု၏ ခေါင်းဆောင် တစ်ယောက်အနေနှင့် ဝေ့ထင် လိုချင်လျှင် ဘယ်ဟာမဆို ရနိုင်သည်။ သူ့မှာ ရှေးဟောင်းပစ္စည်းတွေလည်း ပေါများသလို ကိုယ်တိုင်ကိုယ်ကျပင်ဝယ်စရာ မလိုခဲ့‌ေပ။ဝယ်လျှင်လည်း လေလံပွဲ၌သာဝယ်ယူခဲ့သည်။

ဒီလိုမြင်ကွင်းမျိုးကို ဘယ်တုန်းကမှမမြင်ဖူးသော်လည်း သူ့မျက်လုံးထဲတွင်အထင်သေးဟန်တစ်ခုမျှမရှိခဲ့‌ေပ။သူက ခေါင်းငုံ့ပြီး စုမုန့် ကို စိုက်ကြည့်ရင်း သူမ ဘယ်လို ရှေးဟောင်းပစ္စည်းမျိုးကို ဝယ်ချင်လဲဟု စဉ်းစားမိသည်။

စုမုန့် သည် ဝေ့ထင် ရှေ့မှ တောက်လျှောက် ဦးဆောင်သွားခဲ့သည်။ လမ်းထဲတွင် လူနည်းလာသည်နှင့်အမျှ နောက်ဆုံးတွင် ဆိုင်းဘုတ်တစ်ခုမျှ ချိတ်ဆွဲထားခြင်း မရှိသော ထူးခြားသော ဆိုင်တစ်ခု၏ အဝင်ဝတွင် ခြေလှမ်းရပ်သွားခဲ့သည်။

ပြန်လည်မွေးဖွားပြီးအကျင့်ပုပ်တဲ့ယောက်မကိုနှိပ်စက်မယ်Where stories live. Discover now