ပြန်လည်မွေးဖွားပြီးအကျင့်ပုပ်တဲ့ယောက်မကိုနှိပ်စက်မယ်

1.6K 135 0
                                    

Chapter 12

(သူဝယ်ပေးသော ဗီလာ)

ချောမောသော အမျိုးသားများသည် မိန်းကလေးများ၏ အာရုံကို အမြဲ စွဲဆောင်တတ်သည်။ ကျောက်ချမ်ချမ် သည် ဝေ့ထင်ကို မြင်သည့်အချိန်မှစ၍ သူမ တခြားနေရာကို‌ပင် လှည့်မကြည့်မိပေ။ စုမုန့် က သူ့ဇနီးဖြစ်ကြောင်း သူမကြားရသောအခါ သူမ ထိုမိန်းမကို ရန်ငြိုးဖွဲ့ကာ ကြည့်နေမိလေသည်။

စုမုန့် ၏ ဝတ်စားဆင်ယင်ပုံမှာ အဆင်ပြေသော်လည်း လူချမ်းသာ မိန်းမတစ်ဦးနှင့် အဆင့်မတူညီဟု သူမ ခံစားရ၏။ CEO ၏ဇနီးများသည် ပေါ့ပေါ့ပါးပါးရှိသည့် အ၀တ်အစားများကို မဝတ်ဆင်တတ်ကြ၍ သူမ မရိပ်စားမိသည်က အံ့သြစရာမရှိချေ။ဝေ့ထင် ကို သတင်းမှာ အမြဲတွေ့ဖူးသော်လည်း သူ့မှာဇနီးရှိမှန်း သူမ တစ်ခါမှ မကြားဖူပေ။ ထိုဇနီးက ပုံမှန်သာဝတ်စားထားကာ သာမာန်သာ ဖြစ်၍ ထိုမိန်းမအပေါ်ထားသည့် ဝေ့ထင်၏ သဘောထားကို မှန်းဆကြည့်မိသောအခါ သူမ ပျော်ရွှင်မိသည်။

ဝေ့ထင် က သူ့မိန်းမကို မချစ်ဘဲယူထားတာ ဖြစ်နိုင်တယ် မဟုတ်လား...

“ဥက္ကဌဝေ့ကို ဒီမှာတွေ့ဖို့ မမျှော်လင့်ထားဘူး...ကျွန်တော် ဥက္ကဌဝေ့ကို  အတူတူထမင်းစားဖို့ ဖိတ်ချင်ပါတယ်"

မန်နေဂျာက ဝေ့ထင် အား ရင်းရင်းနှီးနှီး ဖိတ်ကြားသည်။

"စိတ်မပူပါနဲ့ မန်နေဂျာရှန့်...ဥက္ကဌဝေ့ သူ့ဇနီးကိုရှာဖို့ ဒီကိုလာရတာပါ…သူ  ပြန်သွားတဲ့အခါ လုပ်စရာတွေ အများကြီးကျန်ပါသေးတယ်”

ဖုကျဲ သည် ဥက္ကဌဝေ့နှင့်အတူ လိုက်ပါလာခဲ့သော်လည်း သူသည် အနောက်ကနေ ကြည့်နေပြီး ဘာမှဝင်မပြောခဲ့။

ထိုစဉ် စုမုန့် က သူမ၏ လိပ်စာကတ်ကို ထုတ်ယူပြီး မန်နေဂျာရှန့်ကို ပေးလိုက်သည်။

“မန်နေဂျာရှန့်… ဒါက ကျွန်မရဲ့လုပ်ငန်းကတ်ပါ... ကျွန်မက ဖုန်းရွှေပညာရှင်ပါ...ရှင့်မှာ ဖုန်းရွှေပညာရှင်လိုတဲ့အခါ ကျွန်မကို ဆက်သွယ်ပေးလို့ရပါတယ်..ကျွန်မက အဖိုးအခကိုလည်း အများကြီးမယူပါဘူး"

စုမုန့် သည် ဖုန်းရွှေပညာရှင်ဖြစ်သည်ကို ကြားသောအခါ မန်နေဂျာရှန့် ၏ မျက်နှာပေါ်တွင် ပို၍ပင်လေးစားလာဟန်များ ဖြစ်ခဲ့သည်။ သူ့လိုအိမ်ခြံမြေလုပ်ငန်း လုပ်ကိုင်သူတစ်ယောက်အတွက်၊ ဒီဇိုင်နာကောင်းများအပြင်၊ သူအလိုအပ်ဆုံးက ဖုန်းရွှေပညာရှင်ဖြစ်၏။ ထို့အပြင်၊ ဖုန်းရွှေပညာရှင်များ နည်းပါးလွန်းသောကြောင့်၊  စစ်မှန်သော စွမ်းရည်အချို့ရှိပါက အတော်ပင် ကိုးကွယ်ထားရမလိုဖြစ်နေရ၏။

ပြန်လည်မွေးဖွားပြီးအကျင့်ပုပ်တဲ့ယောက်မကိုနှိပ်စက်မယ်Where stories live. Discover now