chapter 70

639 56 0
                                    

Chapter 70 sister in law
Chapter 70November 29, 2023
(အမြဲတမ်း ထူးဆန်းတဲ့ အိပ်မက်တွေ မက်ခဲ့တယ်)

"အိမ်မက်ထဲမှာတောင် မှန်ထဲက  ပုံရိပ်ကို တစ်ကယ်မြင်နိုင်တယ်…ကျွန်မ မှန်ရှေ့မှာ သမ်းတော့ မှန်ထဲကကျွန်မကလည်း သမ်းတယ်…နောက်တော့ အားလုံးအဆင်ပြေတယ် ဆိုပြီးထင်လို့ ကျွန်မ လှည့်ထွက်သွားလိုက်တယ်...ကျွန်မ မထွက်သွားခင် မှန်ကို လှည့်ကြည့်လိုက်တော့ ထူးဆန်းတာတစ်ခု တွေ့လိုက်ရတယ်”

“မှန်ထဲကလူက ကျွန်မနဲ့ထပ်တူမကျဘူး...သူမက လှည့်မထွက်ဘဲနဲ့ မှန်ကို မျက်နှာမူထားသလိုမျိုး ကျွန်မကို စိုက်ကြည့်နေတယ်...ကျွန်မလည်းပြန်လှည့်ထွက်တော့ သူက ပြုံးပြတယ်"

ချက်ချင်းပင် လုစစ်၏ စိတ်အခြေအနေသည် ယိုယွင်းလာပြန်သည်။ သူမသည် ကုလားထိုင်ပေါ်တွင် ပက်လက်လှန်ပြီး အလွန်ကြောက်နေသကဲ့သို့ တုန်လှုပ်သွားသည်။

“ရှင် ပြောတာက အိပ်မက်တစ်ခုပဲ… အိပ်မက်ဆိုးတွေ မက်နေတာက ပုံမှန်ပါပဲ…ဒီအိပ်မက်ကို ဘာလို့သိပ်ကြောက်နေတာလဲ" 

စုမုန့် သည် လုစစ်ကို မနှစ်သိမ့်ဘဲ မေးခွန်းများကို တိုက်ရိုက်မေးသည်။ လုစစ် ကလည်း ခေါင်းကိုငုံ့ထားလျက်နှင့် ဖြေသည်။

"ကျွန်မ ဒီအိပ်မက်ကို နေ့တိုင်း လအတော်ကြာအောင် မက်နေတာ"

"ဒါဆို ရှင့်မှာ ယောင်တတ်တဲ့ အကျင့်ရှိလား…ဆိုလိုတာက ရှင် နိုးလာတဲ့အခါရှင့်ခန္ဓာကိုယ်က တခြားနေရာမှာ ရှိနေတတ်တယ်...ဒါမှမဟုတ် အိပ်ရာထဲမှာပဲ ရှိနေတတ်တာလား"

"အိပ်ယာထဲမှာပါ…ကျွန်မ ထမယောင်တတ်ပါဘူး…အိမ်က နေရာတိုင်းမှာ ကင်မရာတွေ ရှိတယ်ဆိုတော့ သေချာတယ်”

"ဒါဆို ဒီအိမ်မက်ကလွဲလို့ တခြား မူမမှန်တာတွေ ရှိလား" 

"ညဘက်မှာ တစ်ယောက်ယောက်က ကျွန်မကို ကြည့်နေတာ…တစ်ယောက်ထဲတင်မကဘူး၊ တော်တော်များများက ကျွန်မကို စောင့်ကြည့်နေတယ်လို့ အမြဲခံစားရတယ်…ဒါကြောင့် ညတိုင်း ကုလားကာတွေအားလုံးကို ဆွဲချပြီး မီးဖွင့်အိပ်တယ်...အိမ်အပြင်ဘက်မှာ ကင်မရာတွေလည်း တပ်ထားပေမယ့် ဘယ်သူမှ မတွေ့ဖူးဘူး...ဒါပေမယ့် ကျွန်မရဲ့ ခံစားချက်က မမှားဘူးဆိုတာသေချာပါတယ်"

ပြန်လည်မွေးဖွားပြီးအကျင့်ပုပ်တဲ့ယောက်မကိုနှိပ်စက်မယ်Where stories live. Discover now