ပြန်လည်မွေးဖွားပြီးအကျင့်ပုပ်တဲ့ယောက်မကိုနှိပ်စက်မယ်

1.3K 111 0
                                    

Chapter 20

(လွတ်လမ်းမရှိ)

စုမုန့် ဖုန်းက စက်မပိတ်သေးဘဲ ပြန်ပေးဆွဲသူများ ယူသွားပုံရသည်။ကံကောင်းစွာဖြင့် အနက်ရောင်ကားသွားရာလမ်းကြောင်းကို ကျူးက ရှာတွေ့လေသည်။ဝေ့ထင် လူများ ထွက်သွားပြီးနောက် ကားက ချက်ချင်း သူမ နောက်သို့ ခြေရာခံလိုက်လာကြောင်း သိလိုက်ရ၍ အကွက်ကျကျကြိုတင်ပြင်ဆင်ထားသော ပြန်ပေးဆွဲခြင်း သေချာသည်။တစ်ဖက်က ဝေ့ထင်မှာ စုမုန့် အကြောင်း သဲလွန်စရှာရန် အလုပ်များနေချိန် တစ်ဖက်တွင် စုမုန့် မူးလဲနေရာမှ ရီဝေစွာ နိုးလာသည်။

သူမ၏လည်ပင်းမှ နာကျင်မှုဖြင့် မှုန်ကုပ်ကုပ်ထလာကာ ယခုမှ ပြန်ပေးဆွဲခံရလာသော အမှန်တကယ် အမှတ်ရစရာကောင်းစွာ ပြင်းပြင်းထန်ထန်နာကျင်နေသည်။

စုမုန့်က ခေါင်းမော့ကြည့်ပြီး ပတ်ဝန်းကျင်အား လှည့်ပတ်ကြည့်နေသည်။ထိုအချိန်တွင် သူမ  ကုတင်ဖြူကြီးပေါ်တွင် လဲလျောင်းနေကာ  ဘေးပတ်ပတ်လည်အား အလှဆင်ထားပုံကိုခန့်မှန်းရလျှင် ဤနေရာမှာ ဟိုတယ် ဖြစ်လိမ့်မည်။သို့သော် အခန်းထဲတွင် မည်သူမျှ မရှိပေ။

သူမကို ဘယ်သူက ပြန်ပေးဆွဲလာတာလဲ....

ဝေ့ရွှယ်များလား....ဝေ့ထင် နဲ့ အတူတူနေချင်လို့အရင်ဘဝတုန်းကလိုပဲ သူမကို တိတ်တိတ်လေး လက်စဖျောက်ပစ်နေတာလား....

သို့သော် နောက်ထပ်အတွေးတစ်ခုဝင်လာကာ ထိုသို့ဖြစ်နိုင်ချေမရှိလောက်ပေ။ဝေ့မိသားစုမှ ထွက်လာစဉ် ဝေ့ထင်နှင့် ကွာရှင်းပြတ်စဲလိုက်ပြီး လုံးဝမပတ်သက်တော့ကြောင်းကိုလဲ ဝေ့ရွှယ်နှင့် ပြတ်ပြတ်သားသား ပြောထားပြီးဖြစ်သည်။ယခုလောက် သူမ အတွက် စွန့်စားရဲစရာ အကြောင်းပြချက် မရှိတော့ပေ။

သူ မဟုတ်ရင် ဘယ်သူများ ဖြစ်နိုင်မှာလဲ....

ဘယ်သူပဲဖြစ်ဖြစ် ယခုချိန် အရေးကြီးဆုံးမှာသူမ ကိုယ်သူမ အရင်ဆုံးလွတ်အောင် စဉ်းစားဖို့ပင်။

အိတ်ကပ်ထဲစမ်းကြည့် သောအခါ ဖုန်းမရှိတော့ပေ....နှစ်လုံးစလုံး သိမ်းသွားတာ ဖြစ်မည်။ထို့နောက် ပြတင်းပေါက်ရှိရာဘက်သို့ လျှောက်သွားပြီး အောက်ငုံ့ကြည့်လိုက်သော်လည်း မြေပြင်နှင့် အလွန်ဝေးနေကာ အတော်လေးမြင့်နေ၍ ကြည့်ရုံဖြင့်ပင် ဒူးတုန်လာတော့သည်။

ပြန်လည်မွေးဖွားပြီးအကျင့်ပုပ်တဲ့ယောက်မကိုနှိပ်စက်မယ်Where stories live. Discover now