ပြန်လည်မွေးဖွားပြီးအကျင့်ပုပ်တဲ့ယောက်မကိုနှိပ်စက်မယ်

1.2K 107 0
                                    

Chapter 31
(ဇိမ်ခံကားလက်ဆောင်)

စုမုန့် ကတော့ ဝေ့ထင် ဘာလုပ်နေမှန်း မသိပေ။သူမ ညစာစားပြီးသည်နှင့် ရေချိုးပြီး အိပ်ပျော်သွားလေသည်။ မကြာသေးမီက သူမသည် အရေးကြီးသောအရာအားလုံးကို လုပ်ဆောင်ခဲ့ပြီးဖြစ်၍ ယခုကျန်တာတွေအားလုံးက အော်ဒါအသေးစားလေးများပင်။ ၎င်းတို့ကို ဖြေရှင်းရန်မှာ အလွန်လွယ်ကူပြီး သဘောတူထားသည့်အချိန်ကလည်း လိုနေသေးသည်။ထို့ကြောင့် ဘာမှလုပ်စရာမရှိ၍ သူမ တန်းအိပ်ပျော်သွားခဲ့၏။ မနေ့ညက သူမ အိပ်မက်လည်းမမက်ခဲ့ပေ။ယခုဆို သူမ၏စိတ်သည် အလွန်ကြည်လင်နေရသဖြင့် ငွေကြေးပြဿနာများကို တွက်ချက်ရန် အသင့်တော်ဆုံးအချိန်ဖြစ်သည်။

စုမုန့် သည် သူမ၏ ဘဏ်ကတ်များအားလုံးကို ယူပြီး ၎င်းထဲတို့ရှိငွေများကို တစ်ခုပြီးတစ်ခု စစ်ကြည့်လိုက်သည်။ သူမသည် ဖုန်းရွှေ ပညာနှင့် ကိစ္စရပ်များစွာကို ဖြေရှင်းပေးခဲ့၍  ငွေအမြောက်အမြားရခဲ့သော်လည်း မကြာသေးခင်ကမှ အများကြီးသုံးစွဲခဲ့သည်။သူမသည် ပစ္စည်းများကို ဝယ်ပြီး ကိရိယာများ ဖြည့်ခဲ့ရသည်။ ရှန့်ချိုး က ယွမ်တစ်သောင်းပေးပြီး ကျိုးဖုန်း က စရံငွေ ယွမ် 200000 ပေးခဲ့သည်။ငွေက များနေသည်ထင်ရသော်လည်း သုံး၍မလောက်ပေ။ သူမသည် ဆရာဖြစ်သူအတွက် အိမ်ကြီးကြီးတစ်လုံးဝယ်ပြီး သူ့ကိုပြုစုရဖို့ အိမ်ထိန်းတစ်ယောက်ပါ ခေါ်ထားပေးချင်သည်။ဖြစ်နိုင်လျှင် သူနှင့်လိုက်ဖက်သည့် ဇနီးတစ်ယောက်ရှာပေးချင်၏။ ဆရာ့ကို အကောင်းဆုံးဖြစ်အောင်ထားချင်ပြီး ပျော်ရွှင်စွာနှင့် အသက်ကြီးသည်အထိ နေနိုင်စေဖို့အတွက် သူမတတ်နိုင်သမျှ လုပ်ပေးချင်သည်။ ထို့ကြောင့် သူမ၏အလုပ်ကို ချဲ့ထွင်ရန်နှင့် ငွေရှာရန် ကြိုးစားရန် လိုအပ်နေသေးသည်။

တစ်ဖန် သူမသည် ဖုကျဲ ပေးခဲ့သည့် ရှယ်ယာလွှဲပြောင်းစာချုပ်ကို ထုတ်လိုက်သည်။သူမသည် ဖုကျဲ ၏ ကလပ်ရှိပြဿနာကို ကူညီဖြေရှင်းပေးခဲ့သည့်အချိန်မှစ၍ ကလပ်၏ စီးပွားရေးမှာ ပိုမိုကောင်းမွန်လာခဲ့သည်။ဤနှစ်ကုန်မှာ သူမအတွက် အမြတ်ဝေစုတွေ အများကြီးရနိုင်ဖွယ်ရှိ၏။ သို့သော်လည်း ဤအပြောင်းအရွှေ့စာချုပ်သည် သူမ၏ကိုယ်ပိုင်လုပ်အားဖြင့် ရရှိခဲ့ခြင်းမဟုတ်။လိမ်လည်လှည့်ဖြား၍ရလာသော မတရားသောငွေများဖြစ်သည်။ သူမသာ ဤငွေကို မှီခိုအားထားနေမည်ဆိုလျှင် သူမ၏ အကျင့်စာရိတ္တကို ထိခိုက်စေမှာ သေချာသည်။ထို့ကြောင့် သူမ နည်းလမ်းတစ်ခု စဉ်းစားလိုက်သည်။ ဆရာဖြစ်သူ၏အမည်ဖြင့် ဆင်းရဲနွမ်းပါးသော တောင်ပေါ်ရွာများသို့ အလှူငွေများ လှူဒါန်းပြီး အရွယ်ရောက်လာသော်လည်း ကျောင်းမတက်နိုင်သော ကလေးငယ်များကို ထောက်ပံ့လှူဒါန်းခဲ့သည်။

ပြန်လည်မွေးဖွားပြီးအကျင့်ပုပ်တဲ့ယောက်မကိုနှိပ်စက်မယ်Where stories live. Discover now