ပြန်လည်မွေးဖွားပြီးအကျင့်ပုပ်တဲ့ယောက်မကိုနှိပ်စက်မယ်

1K 89 0
                                    

Chapter 38 sister in law
Chapter 38November 14, 2023
(ပြစ်မှုမြင်ကွင်း)

ပြိုင်ပွဲဝင်ရှစ်ဦးကို အိမ်ရှင်က ဦးဆောင်ပြီး လေးထပ်တိုက်ငယ်တစ်ခုသို့ ပို့ဆောင်ခဲ့သည်။ အဆောက်အဦးကို လူတစ်ရပ်စာမရှိသော ခြံစည်းရိုးဖြင့် ဝန်းရံထားပြီး တော်တော်ကို ယိုယွင်းနေပုံရကာ အနီရောင် အုတ်နံရံများမှာလည်း ကျိုးပဲ့နေကြသည်။ ထို့ကြောင့် အဝေးမှ ကြည့်လျှင် ကျက်သ‌ရေရှိပုံမပေါက်ဘဲ ကြောက်မက်ဖွယ်ကောင်းနေလေသည်။

အောက်ထပ်တွင် ပန်းခင်းငယ်တစ်ခုရှိသည်။ နှင်းဆီနီများကို ထိုပန်းခင်းထဲမှာ စိုက်ထားသည်။ ပန်းခင်းကလွဲ၍ တခြားနေရာများက ဟာလာဟင်းလင်းဖြစ်ကာ ပေါင်းပင်တစ်ပင်မှ မရှိချေ။

စုမုန့် လှည့်ကြည့်လိုက်သည်။  နေရာတိုင်းမှာ ကင်မရာတွေရှိပြီး အိမ်ကလည်း လူချမ်းသာများနေထိုင်ရာနေရာမျိုးပင်။ထို့နောက် အိမ်ရှင်သည် မိုက်ခရိုဖုန်းကို ကိုင်ကာ ဒုတိယပွဲစဉ်၏ စည်းမျဉ်းများကို ပြိုင်ပွဲဝင်များအား မိတ်ဆက်ခဲ့သည်။

“ကျွန်တော်တို့ရဲ့ ဒုတိယပွဲက အရုပ်တစ်ရုပ်ကို ရှာဖို့ပါ...ဒီအရုပ်က ဘယ်မှာ ရှိမှန်း ဘယ်သူမှမသိပါဘူး...ဒါပေမယ့် ဖုန်းရွှေပညာရှင်တွေကတော့ အရုပ်ရဲ့ တည်နေရာကို သိရှိနိုင်ရပါမယ်. အဆုံးမှာ ဘယ်သူမှ ရှာမတွေ့ရင် ဒီပွဲကို သရေပွဲလို့ သတ်မှတ်ရပါမယ်”

“လူတိုင်း ဒီခြံစည်းရိုးအတွင်း လွတ်လွတ်လပ်လပ် လှုပ်ရှားသွားလာနိုင်ပါတယ်... မြေကြီးထဲကို သုံးပေအထိတူးရင်တောင် အရေးမကြီးပါဘူး... အဆောက်အဦးကိုလည်း ကြိုက်သလို ရှာဖွေနိုင်ပါတယ်...တစ်ခုပဲရှိတယ်...စတုတ္ထထပ်က ကန့်သတ်ဧရိယာဖြစ်လို့ ဘယ်သူမှ သွားခွင့်မရှိပါဘူး...စတုတ္ထထပ်မှာ ကင်မရာလည်းမရှိလို့ အန္တရာယ်တစ်ခုခုကြုံရင် အကျိုးဆက်ကို ခံရမှာပါ”

"မစခင် ဒီပြိုင်ပွဲရဲ့ နောက်ခံအကြောင်းကို မိတ်ဆက်ပေးပါရစေ"

“ဒါက တစ်ကယ့်ဖြစ်ရပ်ပါ…” ထို့နောက် အိမ်ရှင်က ပြိုင်ပွဲဝင် ရှစ်ဦးကို တစ်ချက်ကြည့်လိုက်ပြီး “ဒါက လူသတ်မှု ဖြစ်ပွားရာနေရာပါပဲ” ဟု ဆက်ပြောသည်။

ပြန်လည်မွေးဖွားပြီးအကျင့်ပုပ်တဲ့ယောက်မကိုနှိပ်စက်မယ်Where stories live. Discover now