chapter 64

762 62 5
                                    

Chapter 64 sister in law
Chapter 64November 25, 2023
( အတူတကွ အလုပ်လုပ်ကြခြင်း )

ယခုအချိန်ကြီးမှာ တခြားရုတ်တရက်အခြေအနေတွေကို မပြောနှင့်၊ ရာသီဥတုတစ်ခုတည်းကပင် အန္တရာယ်များနေ‌ေလပြီ။ အဘယ်ကြောင့်ဆိုသော်စုမုန့်၏ လေ့လာချက်အရ ညဘက်တွင် မိုးသက်မုန်တိုင်း ကျရောက်လိမ့်မည်။ ထို့အပြင် သူမ အမြဲလိုလို စိတ်ရှုပ်နေရသဖြင့် ဘာဆက်ဖြစ်မည် ဆိုသည်ကို မခန့်မှန်းနိုင်ပေ။ သူမနှင့် ဆက်နွယ်နေသမျှပတ်ဝန်းကျင်မှာ ပြာရီမှုံမှိုင်းနေသောကြောင့် ဘာကိုမှ မမြင်နိုင်ပေ။

"မစ္စစု၊ မင်း ဒီကားကို ငါနဲ့စီးရမယ်"

ကောယန် သည် စုမုန့် နှင့် ရှန့်ကျန်း ကို ခေါ်ဆောင်ရန် သူကသာ အသင့်တော်ဆုံးဖြစ်သည်။ စုမုန့် ကားပေါ်တက်ခါနီးမှာ One က ဘေးကနေ လျှောက်သွားကာ သူမကို လက်ညှိုးထိုးပြပြီး

"မင်းက ကိုယ်နဲ့ အတူလာစီး"

သူသည် ဤနေရာ၌ အဆင့်အမြင့်ဆုံး အရာရှိဖြစ်သဖြင့် စုမုန့် သည် သူမအား သတင်းအချက်အလက်များ ပိုမိုရရှိစေရန် သူနှင့်အတူ လိုက်လာဖို့ ပြောခြင်းဖြစ်ကြောင်း စုမုန့် တွေးမိသည်။ထို့ကြောင့် သူမ ခေါင်းညိတ်ပြီး One နှင့်အတူ ဒုတိယကားဆီသို့ လိုက်သွားခဲ့သည်။သူမ ကားထဲဝင်ခါနီးမှာ ရှန့်ကျန်း လည်း သူမနောက်ကို လိုက်လာ၏။

"ဆရာမ စောင့်ဦး…ကိုယ် မင်းနဲ့ထိုင်မယ်!"

ရှန့်ကျန်း သည် စုမုန့် သူ့ကို ထားခဲ့မှာ ကြောက်သဖြင့် အတင်းပြေးလွှားပြီး သူမနှင့်အတူ ကားပေါ်တက်ဟန်ပြင်လိုက်၏။ထိုအခါ Oneက လက်မြန်‌ေခြမြန်ပင် ကားတံခါးကို ပြင်းပြင်းထန်ထန် ပိတ်လိုက်သည်။သူ ရှန့်ကျန်း ကို ဝင်ခွင့်မပေးပေ။

"တံခါးဖွင့်ပါဦး.…ကျွန်တော်လည်း ဒီကားထဲ ဝင်လို့မရဘူးလား" 

ရှန့်ကျန်းက အပြင်ဘက်မှန်ကိုခေါက်လိုက်ပြီး စုမုန့်အား တံခါးဖွင့်ပေးဖို့ အချက်ပြလိုက်သည်။

"ဆရာ သူက ကျွန်မရဲ့ အဖော်ပါ"

စုမုန့် က ရှင်းပြသည်။ထိုအခါ Oneကအနက်ရောင်မှန်သားကို အတွင်းဘက်ထဲမှ တင်လိုက်သည်။ယခုဆို အပြင်လောကနှင့်ဤကားထဲမှာ လုံးဝ အဆက်ပြတ်သွားရလေပြီ။ဤကား၏  အသံလုံစနစ်က တစ်ကယ် အံမခန်းပင်။

ပြန်လည်မွေးဖွားပြီးအကျင့်ပုပ်တဲ့ယောက်မကိုနှိပ်စက်မယ်Where stories live. Discover now