chapter 98

609 53 0
                                    

Chapter 98 sister in law
Chapter 98December 09, 2023
(ရှန့်ကျန်း၏)

ဤတံခါးသည် စုမုန့် ကိုယ်တိုင် တံခါးဟောင်းကို အစားထိုးခဲ့သော အီလက်ထရွန်းနစ်တံခါးဖြစ်သည်။ဆိုင်ထဲမှာ ရှေးဟောင်းပစ္စည်းတွေ အများကြီးရှိ၍ ရိုးရိုးတံခါးက အလွယ်ပွင့်သွားနိုင်၏။မလုံခြုံပေ။တံခါးရွက်နှစ်ရွက်၏ အလယ်မှာ ဆင်ဆာက တစ်ခုခုကို ခံစားမိသည့်အခါ အလိုအလျောက်ပွင့်သွားတတ်သော စျေးဝယ်စင်တာ၏တံခါးနှင့်လည်း မတူပေ။ဆန့်ကျင်ဘက်အနေနှင့် သူခိုးများဝင်ရောက်ခြင်းမှ ကာကွယ်ရန်အတွက် ဤတံခါးသည် ဆင်ဆာက ခံစားမိပါက၊ ပို၍ပို၍တင်းကျပ်လာမည်ဖြစ်သည်။

စုမုန့်က ရှန့်ကျန်းကို ဘာမှဖြစ်ရန်မရည်ရွယ်ပေ။သူ့ကို အနည်းငယ် ကြောက်လန့်စေချင်သည်။ထို့ကြောင့် ခဏ နှိပ်စက်ပြီး အီလက်ထရွန်းနစ်တံခါးကို ဖွင့်ပေးလိုက်သည်။

"ကျွန်မ ရှင့်ကို သူနဲ့ စကားပြောခွင့် မပေးထားဘူး...ဒါက ဝေ့ထင်နဲ့ စကားပြောတဲ့ အကျိုးဆက်ပဲ... ဝေ့ထင်ကို ကျွန်မ မုန်းတယ်ဆိုတာ သတိရထား...သူနဲ့ဆိုင်တဲ့လူတိုင်းကိုလည်း မုန်းတယ်...  ဒါကြောင့် ရှင် ဘယ်ဘက်မှာ ပါမလဲဆိုတာကို သေချာစဉ်းစားသင့်တယ်”

ရှန့်ကျန်း ကြိမ်ဖန်များစွာ ခေါင်းညိတ်ပြပြီး “စိတ်မပူပါနဲ့... မင်းဘက်က ကိုယ် သေချာပေါက် ရပ်တည်မယ်..."

ထိုစကားကို ပြောပြီးနောက် ရုတ်တရက် တစ်စုံတစ်ခုကို တွေးပြီး သူက တိုးညှင်းသော အသံဖြင့်

“ဒါပေမယ့် မင်းရဲ့ ခင်ပွန်းဟောင်းနဲ့ ဘယ်သူက အရင်းနှီးဆုံးလဲဆိုတာ မင်းသိလား...မင်းပဲလေ....မင်းသူ့ကို မကွာရှင်းရသေးဘူး... မင်းတို့က လင်မယားဖြစ်နေတုန်းပဲ...ဒီဆက်ဆံရေးကို ဘယ်သူကမှ နှိုင်းယှဥ်လို့မရဘူး"

ရှန့်ကျန်း၏ စကားလုံးများသည် အခြားသူများကို အမြဲတမ်း အနာပေါ်တုတ်ကျဖြစ်စေတတ်သည်။စုမုန့် ဒေါသအလွန် ထွက်ပြီး အံကြိတ်မိသော်လည်း သူ့ကို မချေပနိုင်ခဲ့ပေ။နောက်ဆုံးတော့ သူ့စကားကလည်း အမှန်တရားပင်။

"ပါးစပ်ပိတ်ထား!" 

သူမ အံကြိတ်ထားရင်း သွားကြားမှနေ၍ ပြောလိုက်သည်။ရှန့်ကျန်းကလည်း အတော်ပါးနပ်သည်။စုမုန့် ဒေါသထွက်တော့မှာကို သူသိသောကြောင့် စကားမပြောဘဲ အမြန်နှုတ်ပိတ်လိုက်သည်။သူမ ရှန့်ကျန်းကို သနားသောမျက်လုံးဖြင့် ကြည့်ပြီးနောက် သူ့ခေါင်းကို လက်နှင့်ပုတ်လိုက်ကာ

ပြန်လည်မွေးဖွားပြီးအကျင့်ပုပ်တဲ့ယောက်မကိုနှိပ်စက်မယ်Where stories live. Discover now