chapter 95

573 49 1
                                    

Chapter 95 sister in law
Chapter 95December 07, 2023
(ထိပ်တိုက်ရင်ဆိုင်မှု)

စုမုန့်နှင့် ဝေ့ထင်တို့သည် အခြေအနေကို အတိုချုံးနားလည်ပြီးနောက် ရမ်ချီအား ဆွဲခေါ်ကာ ထားရင်း ဆက်ပြေးကြသည်။စုမုန့်သည် လမ်းကြည့်ရန် ရှေ့တွင်ရှိနေသည်။

အနီးနားတွင် လူမည်မျှရှိမှန်း မသိသောကြောင့် ဝေ့ထင်က သူမကို အရိပ်များမှသာ ပုန်းအောင်း၍ သွားစေသည်။ထို့ကြောင့် နောက်မှ လိုက်လာလျှင်တောင် အလွယ်တကူ မမြင်နိုင်ပေ။သုံးယောက်သား တောင်အောက်ခြေအထိ ဆက်ပြေးကြသည်။သူတို့သွားမည့် အလောင်းထားသည့် လှိုဏ်ဂူမှာ အနီးနားက တောင်ပေါ်ကို တက်ရာ လမ်းတစ်ဝက်တွင် ဖြစ်သည်။ထို့ကြောင့် တောင်ပေါ်မှ ဆင်းသွားပါက၊ထိုနေရာသို့ ရောက်လုနီးပြီဟု ဆိုလိုသည်။

နေ့ခင်းဘက်က ရောက်ဖူးသော တောင်ခြေသို့ ရောက်သောအခါ စုမုန့် စိုးရိမ်သွားသည်။ သူမသည် တောင်တက်ရာတွင် မကျွမ်းကျင်ပေ။ဒဏ်ရာရသူလည်း ရှိ၍ ဝေ့ထင်တစ်ဦးတည်းသာ တက်နိုင်သည်။

တစ်ကယ်တော့ ယခုအချိန်မှာ အကောင်းဆုံးဖြေရှင်းချက်က သူမ တောင်ခြေမှာ စောင့်နေဖို့ပါပဲ။သို့သော် သူမ နောက်လှည့်ကြည့်လိုက်လျှင် အဝေးက မီးရောင်များကို တွေ့လိုက်ရသည်။ထိုမသမာသူများသည် သူမတို့  ထွက်ပြေးလွတ်မြောက်မှန်း သိသွားပြီး လိုက်ရှာနေခြင်းပင်။ သူတို့ဘက်က လူဘယ်နှစ်ယောက်ရှိမှန်း မသိပေ။အကယ်၍ သူမတို့သုံးယောက် တောင်ပေါ် တက်သွားရင်တောင် ဝေ့ထင် ၏ လူများက သူတို့ကို ကိုင်တွယ်နိုင်ပါ့မလားဆိုတာက မသေချာသေး။ယခုရဲစခန်းကို ဖုန်းဆက်ခေါ်လိုက်လျှင်တောင် ရဲများက ချက်ချင်း မလာနိုင်သေးပေ။ဤနေရာသည် ဝေးလံခေါင်သီလွန်းသောကြောင့်၊ မည်သို့ပင်ဆိုစေ မိမိကိုယ်ကို ကာကွယ်ရန်သာ အရေးကြီးသည်။

စုမုန့် လှည့်ပတ်ကြည့်ရှုပြီး သူမကိုယ်သူမ ခုခံဖို့ နည်းလမ်းကို တွေးနေမိသည်။ ဝေ့ထင် သည် သူမ၏ စိုးရိမ်စိတ်ကို သတိပြုမိပြီး သူမ ခေါင်းထိပ်ကို လက်လေးဖြင့် အသာလေးပွတ်သပ်ပေး၍ နှစ်သိမ့်လိုက်သည်။

ပြန်လည်မွေးဖွားပြီးအကျင့်ပုပ်တဲ့ယောက်မကိုနှိပ်စက်မယ်Where stories live. Discover now