chapter 78

868 70 0
                                    

Chapter 78 sister in law
Chapter 78December 02, 2023
(လူသတ်မှု ရလဒ်)

သို့သော် စုမုန့် က သူ့ကို မျက်လုံးပြူးပြီး ဆူပူလိုက်သည်။

“ရှင် စိတ်ပူနေတယ်ဆ်ိုလည်း သူ့အခန်းဝမှာ ကျွန်မကို စောင့်မနေသင့်ဘူးလား…ဒီမှာအိပ်ရုံနဲ့ ဘယ်လို ကာကွယ်နိုင်မှာလဲ"

ရှန့်ကျန်း က ခြောက်သွေ့စွာ ရယ်မောလိုက်သည်။

“ခုနက အဘိုးက ဖုန်းဆက်ပြီး မေးတယ်...ရဲစခန်းမှာ စစ်ဆေးမှုတွေကို ပူးပေါင်းဆောင်ရွက်နေတယ်လို့ ပြောလိုက်တယ်...မင်း ဆေးရုံတင်ထားရတယ်လို့မပြောဘူး"

ကောရှန်းသာ သူမ ဒဏ်ရာရပြီး ဆေးရုံတင်ထားရမှန်းသိလျှင် သူ စိတ်ပူသွားမှာ သေချာသဖြင့် စုမုန့်ကျေနပ်သွားရ၏။ ထိုအချိန်တွင် သူနာပြုဆရာမသည် အပြင်ဘက်မှ ဝင်လာသည်။

"လူနာ၊ဘယ်ကိုသွားလိုက်တာလဲ...ကျွန်မ ရှင့်ကို ရှာမတွေ့ဘူး...ရှင် ခုတော့ ခေါင်းကိုက်တာ ရပ်သွားပုံရတယ်" 

သူနာပြုဆရာမက ဆေးတွန်းလှည်းကို တွန်း‌၍ စုမုန့် အနားကိုလာပြီး

“ဆေးထိုးရမယ်… မနက်ဖြန်မနက်မှာ နောက်ထပ်စစ်ဆေးမှုတစ်ခုလုပ်မယ်…  နေကောင်းရင် သန်ဘက်ခါ ဆေးရုံကဆင်းနိုင်တယ်...ဆေးထိုးပြီးရင် လျှောက်သွားမနေနဲ့ဦး...တစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ”

သူနာပြုဆရာမ၏ ပြစ်တင်ခြင်းကိုခံရပြီးနောက် သူမ ရှက်သွားကာ ကုတင်ပေါ်တွင် ပြန်အိပ်ပြီး ဆေးထိုးခွင့်ပြုလိုက်သည်။

တစ်ညတာသည် ထိုကဲ့သို့ ကုန်ဆုံးသွားသည်။နောက်တစ်နေ့တွင် စုမုန့် ဆေးစစ်ခဲ့ပြီး ရလဒ်ကို စောင့်နေစဉ်မှာပဲ ရဲအရာရှိ ချီရှာ ရောက်လာသည်။

"မစ္စစု၊ မနေ့က မင်းကို ကောင်းကောင်းမကာကွယ်နိုင်ခဲ့လို့ တစ်ကယ်တောင်းပန်ပါတယ်... မင်းခန္ဓာကိုယ်က ဘယ်လိုလဲ" 

ချီရှာ ပုံစံက တက်ကြွနေပုံရကာ ကောင်းသည့်ကိစ္စတစ်ခုခု ဖြစ်ပျက်ခဲ့ပုံပင်။ စုမုန့် သည် သူ့မျက်နှာကို ကြည့်ပြီး အထက်အရာရှိက သူ့ကို ချီးကျူးလိုက်မှန်း ချက်ချင်း သဘောပေါက်လိုက်သည်။

ပြန်လည်မွေးဖွားပြီးအကျင့်ပုပ်တဲ့ယောက်မကိုနှိပ်စက်မယ်Where stories live. Discover now