chapter 94

354 41 0
                                    

Chapter 94 sister in law
Chapter 94December 07, 2023
(ကလေးများကိုတွေ့ပြီ)

"သူက ရမ်ချီ လား" 

စုမုန့် ဝေ့ထင် နောက်ကို လိုက်မေးသည်။ ဝေ့ထင်သည် ထိုလူ့၏အသက်ရှူနှုန်းအား စစ်ဆေးနေသည်ကို တွေ့လိုက်ရသည်။

"သူ့ကို ဒီကို ခေါ်လာမယ်လို့မမျှော်လင့်ထားဘူး"

“ခုနက လူကုန်ကူးတဲ့လူက အင်္ဂါအစိတ်အပိုင်းတွေတောင် ရောင်းတယ်ဆိုပဲ...  ရမ်ချီရော အဆင်ပြေရဲ့လား"

 

စုမုန့် ပြောရင်းဆိုရင်း သစ်သားပြားဆီသို့ လျှောက်သွားပြီး အပြင်မှအသံများကို နားထောင်သည်။ လူဘယ်နှစ်ယောက်ရှိမှန်း မသိပေ။ယခုလည်း သူမတို့၏ ဖုန်းများကိုလည်း သိမ်းသွားခဲ့သည်။ယခု အရေးကြီးဆုံးက ရမ်ချီ နှင့် လွတ်မြောက်ဖို့ နည်းလမ်းကို အရင်စဉ်းစားဖို့ပင်။

“ဒဏ်ရာတွေ အများကြီးရှိပေမယ့် ကြီးကြီးမားမားတော့ မဟုတ်ဘူး...သူ့ကို အီသာသုံးထားတာဖြစ်နိုင်တယ်...သိပ်မစိုးရိမ်ရပါဘူး"

ဝေ့ထင်သည် ရမ်ချီ၏ ခန္ဓာကိုယ်ပေါ်ရှိ ကြိုးကိုဖြည်လိုက်ပြီး ကုန်းပိုးလိုက်သည်။ထို့နောက် ရမ်ချီကို လက်တစ်ဖက်နှင့်ထိန်းထားကာ သစ်သားပြားကို ကျန်လက်တစ်ဖက်ဖြင့်  တွန်းလိုက်သည်။သစ်သားပြားသည် သော့ခတ်ထားခြင်းမဟုတ်ပေ။

အပြင်မှာ လမ်းကြောင်းနှစ်ခုရှိသည်။ တစ်ခုက စောစောက ဝင်လာသည့် လမ်းကြောင်းဖြစ်ပြီး နောက်တစ်လမ်းက ဘယ်ကိုဦးတည်နေမှန်းမသိပေ။

စုမုန့် အလယ်မှာ ရပ်နေရင်း နှစ်ဖက်စလုံးကို အကြိမ်ပေါင်းများစွာ ကြည့်ပြီးမှ ဂူ၏ ကျောက်နံရံများကို ဂရုတစိုက် ကြည့်ပြန်သည်။

“ဟိုလမ်းကို သွားပါ...အဲဒီမှာ အသက်ရှင်ကျန်ရစ်သူတွေရှိတယ်” 

သူမလည်း ရှေ့ကို လျှောက်သွားခဲ့သည်။ ဝေ့ထင်သည် သူမစကားကို လုံးဝသံသယမရှိဘဲ ခေါင်းညိတ်ပြပြီး နောက်က လိုက်လာသည်။တစ်ကယ်တော့ ဂူထဲမှာ ဘယ်သူမှ မရှိပေ။သူတို့အားလုံး အပြင်မှာရှိနေကြသည်မို့ သိပ်မခက်ပေ။အခက်ခဲဆုံးက အပြင်ထွက်၍ သူတို့နှင့်တွေ့ပါက၊ ဘာလုပ်ရမလဲဆိုသည်ကိုပင်။

ပြန်လည်မွေးဖွားပြီးအကျင့်ပုပ်တဲ့ယောက်မကိုနှိပ်စက်မယ်Where stories live. Discover now