chapter 69

692 52 0
                                    

Chapter 69 sister in law
Chapter 69November 29, 2023




“ဘာလို့မေး နေသေးတာလဲ ဟုတ်လား… ငါပြောတာကို မင်းတစ်ကယ်နားမလည်တာလား ဒါမှမဟုတ် ဟန်ဆောင်နေတာလား…မင်းခြေထောက်တွေက အခု ကောင်းကောင်းအလုပ်မလုပ်သေးတော့ သူမကို လာတွေ့ခိုင်းရမှာပေါ့...  ဒီကောင်မလေးက တစ်ကယ်မဆိုးဘူး...ငါ့မြေးမလေးဖြစ်ရင် သိပ်ကောင်းမယ်"

လုပိုင် မျက်လုံးပြူးသွားသည်။  မျှော်လင့်ထားသလိုပင် အဘိုးအိုက အကြံအစည်တစ်ကယ်ရှိနေ၏။

" အဘိုး သူမကို ကောင်းကောင်းသိလား...ကျွန်တော်တို့ ခုမှတွေ့တာလေ...သူ့မှာလည်း တခြားကြိုက်နေတဲ့သူရှိလား၊မရှိလား မသိ၊ သူမက ကျွန်တော့်ကို ကြိုက်လိမ့်မယ်လို့ထင်လား...အဘိုး ဒီမှာ အသာလေးနေလိုက်ပါ…ဘာတွေ လျှောက်တွေးနေတာလဲ" 

"ခွေးကောင် မင်းအဘိုးကို စကားကောင်းကောင်း ဘယ်လိုပြောရမလဲဆ်ိုတာ မသိသေးဘူးလား...မင်းသာ အကောင်းတိုင်းဆိုလို့ကတော့ မင်းကို ငါ အသေဗျင်းပစ်မိမှာပဲ"

လုပင်းက သူ့ကို ခြိမ်းခြောက်လေတော့သည်။

(စိတ်လှုပ်ရှားလွန်းသူ...)

လုပိုင်က လုပင်းကို တစ်ချက်ကြည့်လိုက်သည်။အဘိုးဖြစ်က သူ့အား တမင်တကာ ခြောက်လှန့်နေမှန်းသိသည်။ သူ ငယ်ငယ်ကတည်းက ကြီးကြီးမားမား အမှားလုပ်ခဲ့လျှင်ပင် ဘယ်တုန်းကမှ အရိုက်မခံရဖူးပေ။ အဘိုး ဒေါသထွက်လာသည့်အခါတိုင်း သူ့ကို မခေါ်မပြောဘဲသာ နေဖူးသည်။

" မင်းက ကောင်မလေးကြောင့် အသက်ရှင်နေနေနိုင်တာ…ဒါကြောင့် မင်းပြန်ကောင်းလာတဲ့အခါ သူမကို ပိုကူညီဖို့ မမေ့ပါနဲ့...သူမနဲ့ သူ့ဆရာက အရမ်း သဘောကောင်းကြတာ"

"သူမဘေးမှာ တခြားကောင်လေး တစ်ယောက် ရှိနေတယ်မလား"

လုပင်းသည် သစ်သားခေါင်းလို တုံးအသော သူ့မြေးကို ကြည့်လိုက်ကာ ဒေါပွလာရ၏။ လုပိုင်၏ တစ်ယူသန်စိတ်ဆန္ဒတစ်ခုတည်းကြောင့် ရဲအရာရှိဖြစ်လာပြီး သူ့အသက်ကိုပင် စွန့်ရဲသူ ဖြစ်လာရခြင်းပင်။ထိုတစ်ယူသန်စိတ်လေးင အချစ်ရေးဘက်မှာသာ အားသာလိုက်လျှင် အတော်ကို ဟန်ကျပေမည်။

ပြန်လည်မွေးဖွားပြီးအကျင့်ပုပ်တဲ့ယောက်မကိုနှိပ်စက်မယ်Where stories live. Discover now