chapter 77

779 75 0
                                    

Chapter 77
Chapter 77November 30, 2023
(ဝေ့ထင် နိုးလာသည်)

ရက်တွေကြာလာသည်နှင့်အမျှ ကလေးလည်း တဖြည်းဖြည်းကြီးလာသည်။ ထိုကလေးသည် ဝေ့ထင်၏ ဆက်ခံမည့်သူဖြစ်မည်ဟု လူတိုင်းက ထင်မြင်လာချိန်မှာ အရာအားလုံးသည် တစ်ဖြည်းဖြည်း ပုံမှန်မဟုတ်တော့ပေ။သူမ ရင်ထဲမှာ ကိုးလကြာ လွယ်ခဲ့ရသည့် ကလေးမှာ IQ နိမ့်နေကြောင်း ပေါ်လွင်လာရသည်။ကလေးမှာ အသက်လေးနှစ်လောက်ရှိပြီဖြစ်သော်လည်း အခုထိ စကားမပြောနိုင်သေး။ အမေဝေ့က သူမသည် ဝေ့မိသားစုအတွက် အရူးတစ်ယောက်ကို မွေးဖွားခဲ့သည်ဟု ဆိုသည်။ယခုတစ်ခါကျ သူမတင်မကဘဲ၊ သူမ၏ကလေးကိုတောင် ဝေ့မိသားစုက ဝိုင်းပယ်ထားကြသည်။

“နင်က တစ်ကယ့် အမှိုက်ပဲ... နင်မွေးတဲ့ကလေးကလည်း အမှိုက်ပဲ...နင် ငါတို့ဝေ့မိသားစုကိုအရှက်ရစေခဲ့တာ...နောက်ဆို နင့်ကလေးကို အပြင်မခေါ်သွားနဲ့…ငါ မျက်နှာပျက်ရတယ်" 

အမေဝေ့က ကျယ်လောင်စွာ ကျိန်ဆဲလိုက်သည်။ထိုမျှမကသေးဘဲ နောက်ပိုင်းမှာ အမေဝေ့က ကလေးသည် ဝေ့မိသားစု၏ သွေးသားရင်းမဟုတ်ကြောင်း သံသယရှိတာကြောင့် မိဘစစ်ဆေးမှုခံယူစေသည်။ သို့သော်၊  ရလဒ်က စစ်မှန်နေသောအခါ သူမကို သံသယမ၀င်တော့ဘဲ

"ဒီလို အရူးမျိုးကို ဝေ့မိသားစုထဲက နှင်ထုတ်ပစ်လိုက်...ငါတို့မိသားစုမှာ ဒီလို ကလေး မလိုအပ်ဘူး”

လူတိုင်းက အမေဝေ့ ဘက်မှ နေခဲ့ကြပြီး သူမသည် လူတိုင်း၏ ဝိုင်းပယ်ခံထားရသော အပြင်လူဖြစ်လာခဲ့သည်။ထိုအချိန်တွင် သူမသည် အကူအညီနှင့် အထောက်အပံ့များ လိုအပ်နေသော်လည်း ဝေ့ထင်ကို ဆက်သွယ်၍ မရပေ။ ဝေ့ထင်သည် နေ့ရောညပါ အိမ်ပြန်မလာတော့။တစ်နေ့မှာ၊ ဝေ့ရွှယ် သည် ဝေ့ထင် နှင့် အနုပညာရှင်အမျိုးသမီးတစ်‌ေယာက်၏ အတူတွဲရိုက်ထားသည့် ဓါတ်ပုံတစ်ပုံကို ပြသလိုက်သောအခါ သူမသည် ဝေ့မိသားစု၏ သခင်မလေးဘွဲ့သာ အမည်ခံထားကြောင်း သိလိုက်သည်။နောက်ပိုင်းတွင် ကလေးကို ဝေ့ရွှယ် က သေသည်အထိ နှိပ်စက်ခဲ့၏။

စုမုန့်၏ နှလုံးသားသည် အမုန်းတရားများဖြင့် ပြည့်နှက်နေသည်။

ပြန်လည်မွေးဖွားပြီးအကျင့်ပုပ်တဲ့ယောက်မကိုနှိပ်စက်မယ်Where stories live. Discover now