chapter 72

640 61 0
                                    

Chapter 72 sister in law
Chapter 72November 29, 2023
(အလကားခင်ပွန်းဟောင်း)

"ဒါဆို တို့ ဘာလုပ်သင့်လဲ…ဒါကို လွှတ်လိုက်မှာလား…ဒီလူသတ်မှုက ကြောက်စရာကောင်းလွန်းတယ်”  ရှန့်ကျန်း က ညည်းသည်။

စုမုန့် ခဏလောက်တွေးပြီး ရုတ်တရက် တစ်ယောက်ယောက်ကို တွေးမိသည်။ထို့နောက်  အိတ်ကပ်ထဲက လိပ်စာကတ်ကို ထုတ်ပြီး ရေးထားသည့်နံပါတ်အတိုင်း ဖုန်းခေါ်လိုက်၏။မကြာမီ လုပင်း၏ အသံကို ကြားလိုက်ရသည်။

"အဘိုးလုကို တစ်ခုပြောစရာရှိပါတယ်"

ထို့နောက် လုပင်းအား လုစစ်နှင့် ဖန့်ယင်း အကြောင်းကို ပြောပြခဲ့သည်။ပုံမှန်အတိုင်းသာ ရဲကိုခေါ်ခဲ့လျှင် ရဲများသည် သူမ၏ တစ်ဖက်သတ်ဇာတ်လမ်းကို ယုံမည်မဟုတ်ပေ။သူတို့ လာကြည့်ဖို့တောင်မဖြစ်နိုင်ချေ။ ရဲအများစု၏အမြင်တွင် ဖုန်းရွှေပညာရှင်များသည် လူလိမ်များသာဖြစ်သည်။လုပင်းသည် သူမ၏ စွမ်းရည်ကို မြင်လိုက်ရပြီးဖြစ်၍ သူမစကားကို ယုံကြည်မည်ဖြစ်သည်။

လုပင်း ကိုအသေးစိတ်ပြောပြပြီးနောက် လုပင်းက သူမတို့အား အိမ်မှာပြန်စောင့်နေဖို့ ပြောခဲ့သည်။

" ဖန့်ယင်း က လုစစ်ကို ဆက်တွေ့နေသေးတယ်မလား... လုစစ်ဟာ လူသတ်သမားမှန်း သူမသိရဲ့သားနဲ့ မကြောက်ဘဲ ဆက်သွားနေတာပဲ"

ရှန့်ကျန်း သက်ပြင်းချလိုက်သည်။ဖန့်ယင်း လိမ်သည်ဖြစ်စေ မလိမ်သည်ဖြစ်စေ၊ လုစစ် ၏အခြေအနေကိုသိလျက်နှင့် သူမတစ်ယောက်တည်းသွားလျှင် သေခြင်းတရားကို ရင်ဆိုင်ခြင်းပင်။

"လုစစ်က ဖန့်ယင်းကို မသတ်ဘူး… သူမကို တစ်ကယ်သတ်ချင်ရင်သတ်ခဲ့တာ ကြာပြီပေါ့.. အခုအချိန်အထိ သူမ အချိန်ဆွဲမထားနိုင်ဘူး” စုမုန့် က ရှင်းပြသည်။

"ဟုတ်တယ်နော်"

“ပြန်သွားပြီးတော့ စောင့်ရအောင်…ရဲတွေရောက်လာတဲ့အခါ ကျွန်မတို့ကို စစ်ဆေးမေးမြန်းဖို့ သေချာပေါက်ရှာလိမ့်မယ်...အဲဒါပြီးရင် ကားသွားဝယ်မယ်...ဒီလျှပ်စစ်စက်ဘီးက အဝေးကြီးသွားလို့မရဘူး...အရမ်းဒုက္ခများတယ်"

ပြန်လည်မွေးဖွားပြီးအကျင့်ပုပ်တဲ့ယောက်မကိုနှိပ်စက်မယ်Where stories live. Discover now