ပြန်လည်မွေးဖွားပြီးအကျင့်ပုပ်တဲ့ယောက်မကိုနှိပ်စက်မယ်

1.6K 127 0
                                    

Chapter 8

(သူမ၏ ဆရာကိုသတိရခြင်း)

သူ မလိုလားသော်လည်း စုမုန့် လက်ထဲမှ အရာအား ဖူးကနဲမှုတ်ပြီး ထွက်သွားလိုက်သည်။

ဝေ့ထင် ထွက်သွားသောအခါ တိတ်တဆိတ် စောင့်ကြည့်နေသည့် အဘိုးအိုက စုမုန့် ကို မေးလေ၏။

"ကလေးမ သူက ဘယ်သူလဲ…မင်းတို့နှစ်ယောက်က စုံတွဲတွေလို့ အစက ထင်ခဲ့တာ...ဒါပေမယ့် မင်းမှာ ဘယ်လိုဆက်ဆံရေးမျိုးရှိပါစေ၊ ဖုန်းရွှေ ပညာရှင်တစ်ယောက်အနေနဲ့ ဒီအရာတွေကို တခြားသူတွေ ထိခိုက်စေပြီး မင်းရဲ့အကျင့်စာရိတ္တကို ထိခိုက်စေအောင်အထိ အသုံးချလို့ မရဘူးဆိုတာ မင်းကို သတိပေးထားမယ်"

စုမုန့် သည် ပစ္စည်းကို အဝါရောင်စက္ကူဖြင့် သေချာထုပ်ပိုးပြီး အိတ်ထဲသို့ ထည့်လိုက်သည်။

“စိတ်မပူပါနဲ့… သိပါတယ်”

သို့သော်၊သူမ စိတ်ထဲကမူ

'တချို့လူတွေက စပြီး ပြဿနာလာရှာရင်တော့ ကျွန်မကို အပြစ်ပြောလို့ မရဘူး’

အဘိုးအိုက သူမအနားကို တိုးလာကာ လေသံပျော့ပျော့လေးနှင့် မေးသည်။

"ကလေးမ မင်းက ဘယ်ဂိုဏ်းကနေ သင်ခဲ့တာလဲ… မင်းက အရမ်းအစွမ်းထက်နေတဲ့ဟာ ဖုန်းရွှေပညာရှင် ပြိုင်ပွဲကို လာမယ့် နှစ်ပတ်အတွင်းကျင်းပမှာလေ… သွားပြိုင်ပါ့လား"

"ဖုန်းရွှေပညာရှင် ပြိုင်ပွဲ"

သူမအနေနှင့် ဆရာဖြစ်သူအကြောင်းပြောပြဖို့ စိတ်မဝင်စားသဖြင့် သိချင်သည့်ကိစ္စကိုသာ မေးလိုက်သည်။

  "ဒီ ဖုန်းရွှေပညာရှင် ပြိုင်ပွဲက ဘာလဲ"

"မင်းမသိဘူးလား…မင်း အခု‌လေးတင် အဆောင်ဆွဲတာကို ကြည့်ရတာ မင်းက မိန်းကလေးဖြစ်ပေမဲ့ မင်းရဲ့အစွမ်းက မသေးလှပါဘူး… ဖုန်းရွှေပညာရှင်တွေရဲ့ လုပ်ငန်းကိုလည်း မင်း နားလည်မယ်ထင်တယ်... အမျိုးသမီး ဖုန်းရွှေပညာရှင်ဆိုရင်  ဖုန်းရွှေလောကမှာ နာမည်ရချင်တယ် ဆိုရင် သဲကန္တာရထဲမှာ သောက်စရာရေ လိုက်ရှာရသလိုပဲ လွယ်တော့မလွယ်နိုင်ဘူး…နာမည်ရဖို့ ဆိုရင် ဒီ ဖုန်းရွှေပညာရှင် ပြိုင်ပွဲမှာ ဝင်ပြိုင်တာက အကောင်းဆုံးပါပဲ"

ပြန်လည်မွေးဖွားပြီးအကျင့်ပုပ်တဲ့ယောက်မကိုနှိပ်စက်မယ်Where stories live. Discover now