chapter 74

792 76 0
                                    

Chapter 74 sister in law
Chapter 74November 30, 2023
(အမေဝေ့ကို ကယ်တင်ရန်)

"အရမ်းမြန်ပါလား"

စုမုန့် ကိုတွေ့သောအခါ ရှန့်ကျန်း အမြန်လျှောက်လာပြီး ဒဏ်ရာရှိမရှိကို သေချာကြည့်နေသေးသည်။အဆုံးတွင် သူသည် စုမုန့် ၏ လက်ကောက်ဝတ်ကို ပိတ်စများဖြင့် ပတ်ထားသည်ကို မြင်ပြီး

"သူက မင်းကို တစ်ကယ် အနိုင်ကျင့်တာပဲ"

ထိုအခါ သူမကလည်း  လက်ကောက်ဝတ်ပေါ်ရှိ ပိတ်စကို ကြည့်ရင်း

"အဆင်ပြေပါတယ်...ဘာမှမဖြစ်ပါဘူး...ညစာ အရင်စားရအောင်…ညစာစားပြီးရင် အဘိုးလုဆီက သတင်းတစ်ခုခု ရလိမ့်မယ်” 

မကြာမီ သူမဆီကို ခြေတံတိုတိုနှင့် မြေခွေးလေး လျှောက်လာနေသည်ကို တွေ့လိုက်ရသည်။သူမလည်း ရှန့်ကျန်း ကို လျစ်လျူရှုပြီး ထိုသို့ ပြောပြီးနောက် မြေခွေးကလေးကို ဖက်လိုက်၏။

ဝေ့ထင်သည် စုမုန့်ကို နှုတ်ဆက်ပြီးနောက် ဝေ့မိသားစုဆီ မပြန်ဘဲ ရဲစခန်းကို သွားခဲ့၏။စောစောက ဝေ့ရွှယ် သည် အမေဝေ့ကို ရဲများခေါ်သွားပြီး ထောင်ချထားသည်ဟု ဖုန်းထဲမှာ ပြောခဲ့သည်။ ကျိုးကျာကို အကူအညီ တောင်းသော်လည်း သူမတို့ အဆင်မပြေနိုင်သေးပေ။သူ ကားမောင်းနေရင်း ဝေ့ရွှယ်ကို ဖုန်းဆက်မေးရသည်။

"ဘာတွေဖြစ်နေတာလဲ"

"ဟင့်...ဟင့်...အစ်ကိုဝေ့ထင်၊ ယောင်းမက အရမ်းပြောင်းလဲသွားတယ်…အမေက သူမကို မေးစရာရှိလို့ အိမ်ခေါ်သွားချင်တာကို အမေက သူမကို ပြန်ပေးဆွဲချင်တယ်ဆိုပြီး နားလည်မှုလွဲသွားတယ်...ပြီးတော့ ရဲကိုဖုန်းဆက်ပြီး ခေါ်လိုက်တယ်”

“ရဲတွေက အမေ့ကို ခေါ်သွားပြီး ထောင်ချပစ်လို့ရတယ်လို့လည်းပြောတယ်....သူများတွေကို အကူအညီတောင်းကြည့်တာလည်း အဆင်မပြေဘူး…အစ်ကို့ကိုလည်း ဆက်သွယ်လို့မရဘူး...  အစ်ကိုဝေ့ထင်၊အမေ့ကို သွားခေါ်ရင် ပိုကောင်းမယ်… အမေကြောက်နေလိမ့်မယ်..."

“ညီမ စုမုန့်ဆီ သွားခဲ့သေးတယ်၊ ဒါပေမယ့် သူမက မကူညီရုံတင်မကဘူး၊ ညီမကိုတောင် ဆဲလွှတ်လိုက်သေးတယ်…အစ်ကိုဝေ့ထင် သူမကို အနိုင်ကျင့်ခဲ့တာလား...သူမက ဘာလို့ အမေ့ကိုရော၊ညီမတို့ကိုပါ အရမ်းမုန်းရတာလဲ"

ပြန်လည်မွေးဖွားပြီးအကျင့်ပုပ်တဲ့ယောက်မကိုနှိပ်စက်မယ်Where stories live. Discover now