ပြန်လည်မွေးဖွားပြီးအကျင့်ပုပ်တဲ့ယောက်မကိုနှိပ်စက်မယ်

1.2K 112 2
                                    

Chapter 37 sister in law
Chapter 37November 14, 2023
( အချိန်အတော်ကြာ ပါဝင်ခဲ့သည်...)

"မစ္စစု... မင်းရဲ့ဂိုဏ်းကို သိနိုင်မလား" 

အိမ်ရှင်က စုမုန့် ကို သဘောကျစွာ ကြည့်နေသည်။

"ကျွန်မက ဘာမှအထူးအဆန်းမဟုတ်ပါဘူး"

စုမုန့် က ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။သူမ ပြောပြီးသည်နှင့် လူအုပ်ကြီးက ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။ ထိုကဲ့သို့ ပြောင်မြောက်သော ဖုန်းရွှေပညာရှင် တွင် ဂိုဏ်းမရှိပေ။ထို့ကြောင့် တခြားသူများက စုမုန့်ကို မျက်စိကျခဲ့ပြီး ပြိုင်ပွဲပြီးဆုံးသည်အထိ စောင့်၍ သူမကို သူတို့ဂိုဏ်းထဲ ခေါ်ယူရန်ကြိုးစားဖို့ ဆုံးဖြတ်ခဲ့သည်။ ပထမပြိုင်ပွဲပြီးဆုံးပြီးနောက် စုမုန့် အပါအဝင် စုစုပေါင်း ရှစ်ဦးမှာ ခဏလောက် အနားယူပြီး နောက်တစ်ဆင့်ကို စောင့်ကြရသည်။ကျရှုံးသူတွေကို ပြိုင်ပွဲမှ တိုက်ရိုက်ဖယ်ရှားပစ်မည်ဖြစ်သည်။ဤပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်နိုင်သူများသည် ထူးချွန်ထက်မြက်သော ဖုန်းရွှေပညာရှင် များပင်။ ပထမအကျော့မှာ ပါဝင်ဖူးသူများပင် နောင်တစ်ချိန်ကျလျှင် ဤကိစ္စကို လူကြားထဲမှာ ကြွားလုံးထုတ်ကောင်းသည်။

"မင်းဒီလောက်သန်မာမယ်လို့ ငါမမျှော်လင့်ထားဘူး...ကျောက်တုံးဟာ ရတနာဆိုတာ မင်း ချက်ချင်းသိတာပဲ"

ထိုလူသည် စုမုန့် ၏ နံဘေးသို့ လျှောက်သွားပြီး ချီးမွမ်းစကားပြောသည်။

"ကျွန်မက ဒီတိုင်း ခန့်မှန်းလိုက်တာပဲ"

စုမုန့် က ပေါ့ပေါ့ပါးပါး ပြောလိုက်လျှင်..

"ခန့်မှန်းတယ်..  ဒါဆိုရင် မင်းကံကောင်းလွန်းတယ်...မင်းရွေးချယ်တဲ့ကျောက်က အမြဲရှိနေတာ...ငါသာ  စောစောက သိခဲ့မယ်ဆိုရင် အဲဒါကိုပဲ ရွေးဖြစ်မှာ... အဆင့်သတ်မှတ်ချက်က အရေးမကြီးပေမယ့် နောက်တစ်ဆင့်တက်ရင်ကို မဆိုးဘူး…အဲ့ဒီကျောက်တုံးကို နှစ်တိုင်း ဘယ်သူမှ ရွေးကြတာမဟုတ်ဘူး"

လူချောက သက်ပြင်းချလိုက်ပြီး သနားစရာကောင်းအောင်ပင် ညီးညူနေသည်။

ပြန်လည်မွေးဖွားပြီးအကျင့်ပုပ်တဲ့ယောက်မကိုနှိပ်စက်မယ်Where stories live. Discover now