ပြန်လည်မွေးဖွားပြီးအကျင့်ပုပ်တဲ့ယောက်မကိုနှိပ်စက်မယ်

1.2K 84 2
                                    

Chapter 46
(သူမ၏ အောင်ပွဲ)

“သူမ ပျော်နေပုံ ထောက်ရင်တော့ သူမက ဒီလိုမျိုး ခဏခဏ လုပ်နေတယ် နေမှာ.. စာအုပ်တစ်အုပ်ကို မျက်နှာဖုံးနဲ့ အကဲဖြတ်လို့မရဘူး ဆိုတာ သိပ်မှန်တယ်"

"ဘာလဲ... ယောက်ျားလေးတွက ဒီလို ပျော်ခွင့်ရှိပြီး မိန်းကလေးတွေကျတော့ ပျော်ခွင့်မရှိဘူးလား...သူမက အရမ်းချမ်းသာတယ်လေ… သူ့နဲ့ ကစားဖို့ ကောင်လေးတွေ စိတ်ကြိုက်ရှာလို့ရတယ်..သူမအတွက်တော့ ‌အရမ်းလွယ်တယ်လေ..."

“…”

ထိုလူများ၏ စကားများကြားရသည်မှာ စိတ်မသက်မသာဖြစ်စေပြီး ဝေ့ရွှယ်ကို လှောင်ပြောင်ပြီး ရွံရှာသောအကြည့်များဖြင့် ကြည့်နေကြ၏။ဗီဒိယိုအား မှတ်တမ်းတင်ရန်အတွက် ဖုန်းများဖြင့် ရိုက်နေသူများပင် ရှိခဲ့သည်။မြင်ကွင်းက ထိန်းမနိုင်သိမ်းမရ ဖြစ်နေသည်။

ဝေ့ထင် က အမြန်တုံ့ပြန်လိုက်သည်။  ဝေ့ရွှယ် ၏မျက်နှာသည် ဖန်သားပြင်ပေါ်တွင် ပေါ်လာသည်နှင့် သူ ချက်ချင်းပြေးလာပြီး ဖန်သားပြင်ကြီးကို ပလပ်ဖြုတ်လိုက်သည်။ သို့သော် သူ ဘယ်လောက်ပင်မြန်နေပါစေ၊လူတိုင်း မြင်လိုက်ရသဖြင့် လုံးဝ အသုံးမဝင်ပေ။

လူတိုင်း၏ အကြည့်များအောက်တွင် ဝေ့ရွှယ် ၏ ခန္ဓာကိုယ်သည် ပြင်းထန်စွာ တုန်လှုပ်သွားသည်။သူမ၏ မျက်နှာသည် ဖြူဖျော့နေ၏။ယခုအချိန်မှာ သူမစိတ်တွေ လွတ်ထွက်သွားသည်။   သူမ စုမုန့်ကို ချောက်ချဖို့ ရှင်းရှင်းလင်းလင်း စီစဉ်ခဲ့ပြီးပြီ ဖြစ်သည်။

"ဘယ်လိုဖြစ်တာလဲ…"

တစ်ခုခုတော့ မှားနေပြီထင်သည်။ သူမ ရုတ်တရက် ခေါင်းလှည့်၍ ကျိုးကျာ ကို ကြည့်လိုက်သည်။ ကျိုးကျာ နှင့် သူမကိုယ်တိုင်သာ ဤအကြောင်းကို သိထားသူများဖြစ်သည်။သူမတို့ အစီအစဉ်ဆွဲနေချိန်၌ ကျိုးကျာ သည် အလုပ်အများစုကို တစ်ယောက်တည်း ဒိုင်ခံလုပ်သူဖြစ်သည်။ ကျိုးကျာ နှင့် စုမုန့် တို့ ပူးပေါင်းပြီး သူမအား ပစ်မှတ်ထားနေခြင်းပေလား… မှန်သည်ဖြစ်စေ၊မမှန်သည်ဖြစ်စေ ဝေ့ထင်နှင့် သူမ ရင်မဆိုင်ရဲတော့။ယခုအချိန်မှာ သူမ ရူးလုမတတ် ဖြစ်နေပြီး စိတ်ထဲမှာ အတွေးတစ်ခုပဲရှိတော့သည်။ ကျိုးကျာ က သူမကို သစ္စာဖောက်ခဲ့ခြင်းပင်။ ကျိုးကျာသည် စုမုန့် ကဲ့သို့ပင် ဝေ့ထင် ကို သိမ်းပိုက်ချင်ခဲ့သူဖြစ်၍ စုမုန့်နှင့် ပေါင်းကြံကြခြင်းပင်။ 

ပြန်လည်မွေးဖွားပြီးအကျင့်ပုပ်တဲ့ယောက်မကိုနှိပ်စက်မယ်Where stories live. Discover now