chapter 81

602 51 0
                                    

Chapter 81 sister in law
Chapter 81December 04, 2023
(စုမုန့်ကို ဘယ်သူမှ ဂရုမစိုက်ကြ)

ဟုန်စစ် ဆီသွားဖို့ ဆုံးဖြတ်ထားပြီးဖြစ်၍ စုမုန့် နေ့ကို တွက်ကြည့်သည်။မနက်ဖြန်သည် ခရီးရှည်ထွက်ရန်အတွက် ကောင်းသောနေ့ဖြစ်သည်။  သူမလည်း ရှန့်ကျန်း နှင့် လင်းအိုက် တို့ကို ပြောပြလိုက်ရာ အားလုံးက သဘောတူခဲ့ကြသည်။ကံကောင်းစွာဖြင့်၊ သူမ ကားတစ်စီးဝယ်ထားသောကြောင့် ထိုနေရာသို့ မောင်းနှင်သွားရန် အဆင်ပြေသည်။

လင်းအိုက်သည် အချိန်အတော်ကြာအောင် နေခဲ့ပြီးမှ အိမ်ပြန်သွားသည်။သူမ မနက်ဖြန်မှပြန်လာပြီး လိုက်မည်ဖြစ်သည်။

လင်းအိုက် ထွက်သွားပြီးနောက် စုမုန့် က ကောရှန်းကို

"အဘိုးကြီး ဘာလို့ သူမ အကြောင်းကို အရင်က မပြောခဲ့တာလဲ" 

ကောရှန်း သာမက ဟုန်စစ်ကလည်း လင်းအိုက်အကြောင်းကို တစ်ခါမှ မပြောဖူးပေ။လင်းအိုက် ပုံစံကိုကြည့်ရုံဖြင့် သူမသည် အဘိုးကြီး၊ဟုန်စစ်တို့နှင့် အလွန်ကောင်းသော ဆက်ဆံရေးရှိကြောင်း သူမ ခံစားမိသည်။

သို့သော်လည်း ကောရှန်း က လျစ်လျူရှုပြီး “သူမက ဆိုင်မှာ တစ်လလောက်ပဲ အချိန်ပိုင်းအလုပ်လုပ်တာ... ငါကလည်း သူမနဲ့ နှစ်ရက်ပဲနေခဲ့ရတယ်"

စုမုန့်: “…”

ဆရာဖြစ်သူအတွက် သူငယ်ချင်းကောင်း ရှားပါးသည်ဟု သူမထင်ခဲ့မိ၍ အံ့အားသင့်မိ၏။

သို့နှင့်၊ တစ်ညတာ ငြိမ်သက်စွာ ကုန်ဆုံးကြသည်။နောက်တစ်နေ့ မိုးမလင်းခင်အရုဏ်တက်ချိန်တွင် စုမုန့် အိပ်ရာထပြီး သန့်ရှင်းရေးလုပ်လိုက်သည်။ရှန့်ကျန်း က အိပ်ပျော်နေဆဲဖြစ်၍ သူ့အခန်းတံခါးကို အချိန်အတော်ကြာခေါက်လိုက်ရသည်။ထို့နောက် သူမသည် ပေါင်မုန့်ချပ်အနည်းငယ်ကို ဖုတ်ပြီး နို့နှစ်ခွက် ပြင်ထား၏။ပြီးလျှင် ပေါင်မုန့်ကို တတ်နိုင်သမျှ မြန်မြန်စားကာ ထွက်သွားရန် စီစဉ်ခဲ့သည်။

မနက်စာစားပြီးနောက် လင်းအိုက်လည်း ရောက်လာ၍ သုံးယောက်သား ဟုန်စစ်၏ မွေးရပ်မြေသို့ သွားခဲ့ကြသည်။ ခရီးက အလွန်ဝေးသည်။သူမတို့ တောင်ခြေသို့မရောက်မီ သုံးနာရီကြာကားမောင်းလာခဲ့ရသည်။ထိုအချိန်တွင် ကောင်းကင်ကလည်း ထိန်လင်းလာလေပြီ။သူမ သတိမထားမိခဲ့သည်က အနက်ရောင်ကားတစ်စီးမှာ ရှေးဟောင်းဆိုင်မှ၊ အဝေးပြေးလမ်း တစ်လျှောက်လုံး သူမနောက်က လိုက်လာခဲ့ခြင်းကိုပင်။

ပြန်လည်မွေးဖွားပြီးအကျင့်ပုပ်တဲ့ယောက်မကိုနှိပ်စက်မယ်Where stories live. Discover now