Chapter 97 sister in law
Chapter 97December 07, 2023
(ကားခလ်ိုချင်တာလား...)စုမုန့် ဖြည်းဖြည်းချင်း နိုးလာချိန်မှာ ရှေးဟောင်းလမ်းကို ရောက်နေပြီဖြစ်သည်။သူမ စိတ်ရှုပ်ထွေးစွာ ဟိုဒီလှည့်ပတ်ကြည့်နေသည်။ သူမ အိပ်ပျော်သွားပုံရသည်။ခဏအကြာတွင် သူမ သတိပြန်ဝင်လာကာ ပြတင်းပေါက်အပြင်ဘက်ရှိ ရင်းနှီးသောရှုခင်းများကိုမြင်ပြီး
“ဒီမှာရပ်လို့ရတယ်...ကျန်တဲ့လမ်းကို ကိုယ့်ဘာသာ သွားလိုက်မယ်"
ဝေ့ထင်က ဘာမှ မပြောပေ။ထို့ကြောင့် ကားမောင်းသမားလည်း ကားကို မရပ်ဝံ့ဘဲ မကြားချင်ယောင်ဆောင်ကာ ဆက်လက်မောင်းနှင်လာခဲ့သည်။
သူမ မျက်ခုံးပင့်လိုက်မိသည်။ဝေ့ထင်က သူမနှင့် စကားမပြောချင်တော့ဘူးဟု တွေးမိသဖြင့် သူမလည်းစကားမပြောဖြစ်တော့။ဟုတ်သည်၊သူမက ဝေ့ရွှယ် မဟုတ်ပေ။ အကယ်၍ သူမနှင့် ဝေ့ထင်သည် တောင်ပေါ်တွင် အေးအတူပူအမျှ မဖြတ်သန်းခဲ့ပါက ဝေ့ထင် သူမကို ပြန်လိုက်မပို့နိုင်ပေ။ ဝေ့ထင်၏မျက်လုံးထဲမှာ သူမက မျက်စိဆံပင်မွှေးစူးစရာဖြစ်နေမှာပင်။
ကားတစ်စီးလုံး တိတ်ဆိတ်သွားပြန်သည်။ ခဏအကြာတွင် ရှေးဟောင်းပစ္စည်းဆိုင်၏ အဝင်ဝသို့ ရောက်လာသည်။စုမုန့်က ဝေ့ထင်ကို ကျေးဇူးတင်စကား ပြောဖို့ ခေါင်းကို လှည့်လိုက်သည်။
“ကားစီးခွင့်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်… အခွင့်အရေးရရင် ရှင့်ကို ကျွန်မ ပြန်ဆပ်မယ်"
သူမ ပြောပြီး ကားတံခါးကိုဖွင့်ကာ ထွက်သွားတော့မည်ပြင်လိုက်သည်။သို့သော်လည်း သူမ၏ခြေဖဝါးတစ်ဖက်က မြေပြင်ပေါ်သို့ ကျသွားစဉ် လက်ကောက်ဝတ်ကို ဝေ့ထင်က ရုတ်တရက် ဖမ်းဆုပ်ထားခဲ့သည်။ သူမ ဝေ့ထင်ကို စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်သည်။
ဒီကောင်က သူမဆီက ကားခတောင်းချင်တာလား...
“ဘာဖြစ်နေတာလဲ…ကားခ လိုချင်တာလား... လွှဲပေးရမှာလား.... ငွေသားလား" သူမ ခဏလောက် စဉ်းစားလိုက်ပြီး ဆက်၍ “ဒါဆို လွှဲပေးမယ်… ငွေသားလိုချင်ရင် ကျွန်မ အခန်းထဲအထိ ပြန်သွားရမယ်... ရှင် စောင့်နေရမှာစိုးလို့"
YOU ARE READING
ပြန်လည်မွေးဖွားပြီးအကျင့်ပုပ်တဲ့ယောက်မကိုနှိပ်စက်မယ်
Historical FictionAfter being reborn I tortured the vicious sister in law