chapter 100

686 51 0
                                    

Chapter 100 sister in law
Chapter 100December 09, 2023
(ရှန့်ကျန်း၏ အလုပ်ကိစ္စ)

သူ့အဖေကိုယ်တိုင် ဖြေရှင်းမည်ဆို၍ ဝေ့ရွှယ် ဝမ်းသာသွားသည်။ သို့သော် အပြင်ပန်းကမူ သူမက စိတ်ရှုပ်ဟန်ဆောင်ထားကာ

“ဒါပေမယ့် အဖေ၊ အစ်မ စုမုန့်က အစ်ကို့ကို အရမ်းသဘောကျတယ်...အရင်တုန်းက သူမက အစ်ကို့အနားမှာ အမြဲရှိနေဖို့ကလွဲလို့ ဘာကိုမှ မလိုချင်ခဲ့ဘူး...အခုတော့ ကွာရှင်းဖို့ သဘောတူလိုက်ပြီဆိုတော့ အစ်ကို နောင်တရအောင် ပညာပေးတာ ဖြစ်နိုင်တယ်"

“ပြီးတော့ အခုတစ်ခါသွားပြောရင် သူမက အစ်ကို့ကို မကွာပေးရင် ဘယ်လိုလုပ်မလဲ..သမီး သူမဆီကို နောက်ဆုံးသွားတုန်းက အစ်ကိုနဲ့ ဆက်ဆံရေးက အရမ်းကောင်းနေတာ... ကွာရှင်းဖို့ မရည်ရွယ်ထားဘူးလို့တောင် ပြောတယ်”

ဝေ့ရွှယ် သည် ထိုနေ့က စုမုန့် နှင့် ဝေ့ထင်တို့ကြားမှ အဖြစ်အပျက်ကို  ပြောပြလိုက်သည်။

သို့သော်၊ အဖေဝေ့က တစ်ထစ်ချ ပြောလေသည်။

“ဘာပဲဖြစ်ဖြစ် သူတို့ ကွဲကိုကွဲရမယ်"

စုမုန့်သည် နေ့ခင်းတစ်ခင်းလုံး အေးချမ်းစွာ အိပ်မောကျခဲ့ပြီး ညမှောင်လာမှ နိုးလာခဲ့သည်။သူမ အောက်ထပ်ကို မဆင်းခင် ရေအေးနှင့် ရေချိုးလိုက်၏။

ကောရှန်း ပြန်လာချိန်ကို သူမ မသိလိုက်။ယခု ကောရှန်းသည် ကောင်တာရှေ့မှာထိုင်ပြီး စာရင်းများ တွက်နေသည်။ရှန့်ကျန်းက ကောရှန်း နှင့်အတူ စာရင်းများကြည့်ရင်း ဘေးနားရှိ ပစ္စည်းများကို ခွဲထုတ်သည်။

နှစ်ယောက်စလုံး အောက်ထပ်မှ သူမ ဆင်းလာသံကို ကြားလိုက်ရပြီး အတူတူ ခေါင်းမော့လာကြသည်။

" မင်းအကြာကြီးအိပ်ထားတာ ဗိုက်ဆာနေမှာပေါ့၊  ကိုယ် မင်းအတွက် စားစရာတစ်ခုခု နွှေးပေးမယ်...ဒီတစ်ခါ အဘိုးက မင်းအတွက် ချက်ပေးထားတာ...အားလုံး မင်းအကြိုက်ချည်းပဲ" 

ရှန့်ကျန်းသည် စုမုန့် အောက်ထပ်သို့ဆင်းလာသည်ကိုမြင်ပြီး ပြုံးပြုံးလေးနှုတ်ဆက်ပြီးနောက် မီးဖိုခန်းထဲသို့ ပြေးသွားခဲ့သည်။

ပြန်လည်မွေးဖွားပြီးအကျင့်ပုပ်တဲ့ယောက်မကိုနှိပ်စက်မယ်Where stories live. Discover now