ပြန်လည်မွေးဖွားပြီးအကျင့်ပုပ်တဲ့ယောက်မကိုနှိပ်စက်မယ်

984 87 1
                                    

Chapter 47 sister in law
Chapter 47November 19, 2023
(ဆိုးရွားသော ရည်ရွယ်ချက်)

သူမကို ရိုက်နှက်ပြီး အစာမစားရဘဲ မြေအောက်ခန်းမှာ သော့ခတ်ခံထားခဲ့ရသည်။နောက်ဆုံးထွက်လာသောအခါမှာလည်း သူမအား ထပ်မံရိုက်နှက်ပြီး အစေခံလုပ်ခိုင်းသည်။ထိုစဉ်က ဝေ့ရွှယ် သည် သူမကိုယ်စား အကြိမ်ကြိမ် အသနားခံပြီး သူမ စားဖို့ ကိတ်မုန့်များယူလာ‌ပေး၍ ‌ခိုးပြီးကျွေးခဲ့သေးသည်။

ထိုအချိန်က ဝေ့ရွှယ် ၏ စိတ်ရင်းအစစ်ကို မသိခဲ့ဘဲ ကျေးဇူးတင်စိတ်သာဖြစ်တည်နေခဲ့သည်။ ထို့နောက် သူမ ဝေ့ရွှယ်ကို ပို၍ယုံကြည်လာခဲ့သည်။ယခု တွေးကြည့်လိုက်လျှင် ရယ်စရာကောင်းနေသေးတော့သည်။ တစ်ကယ်တမ်းတွင်၊ဝေ့ရွှယ် က သူမအတွက် အသနားခံ ပေးသည့်အခါ မီးထဲကို လောင်စာတွေ ထည့်ပေးလိုက်သလိုမျိုးဖြစ်ခဲ့၏။ ဝေ့ရွှယ်၏ အမေက သူမကို ပိုပို၍ စိတ်ဆိုးမာန်ဆိုးဖြစ်လာလေသည်။ထို့ကြောင့် တမင်သက်သက် ဝေ့ရွှယ် အစီအစဉ်ဆွဲထားခြင်းပင်။

သို့ဖြစ်၍ သူမ၏ယခင်ဘဝမှ အတွေ့အကြုံနှင့် နောက်ဆုံးအကြိမ်က ကျိုးဖုန်းဆီမှာ ဖမ်းဆီးခြင်းခံရခြင်း တို့ကြောင့် စုမုန့် အတော်လေး ပါးနပ်နေရလေသည်။ ထိုလူကို ဖမ်းကာ ကျင်စက်နှင့်တို့သလို၊ ကြိုးလည်းတုပ်ထားပြီး ပြင်းပြင်းထန်ထန် ရိုက်နှက်ခဲ့၏။သူမ ဒေါသပြေသွားပြီးနောက် ဝေ့ရွှယ် ၏ ဗီဒီယိုကို ဧည့်သည်များရှေ့တွင် အရှက်ကွဲသွားစေရန် ကျိုးဖုန်းအား ပြသခိုင်းခဲ့သည်။သူမသည် အစကတည်းက ကြင်နာတတ်သူမဟုတ်ပေ။ သူများကို ကိုယ်ကစပြီး သွားထိုးမည့်သူမဟုတ်သော်လည်း မိမိကိုယ်သာ လာထိပါးပါက သူမတစ်ယောက်တည်း ကြိတ်ပြီးခံနေမည့်သူမဟုတ်ပေ။

"ဝေ့ရွှယ် နင့်အတွက် ငါပေးခဲ့တဲ့ လက်ဆောင်အကြီးကြီးကို ယူလိုက်စမ်း...."

သူမသည် ထိုလူကို အကြိမ်အနည်းငယ် ပါးရိုက်လိုက်ပြီး အံကြိတ်ကာ

“အကြံတစ်ခုပေးလိုက်မယ်...နောက်ဆို နင် သူများထိခိုက်အောင်သွားမလုပ်နဲ့..   နင့်မှာ မိန်းမရှိတယ်မလား...နင် သူမကို စိတ်မချမဖြစ်ဘူးလား...နင် မကောင်းတာတွေ အများကြီး လုပ်ခဲ့တယ်...နင့်ကလေးက တစ်ချိန်မှာ ဝဋ်ပြန်လည်မှာကို မကြောက်ဘူးလား"

ပြန်လည်မွေးဖွားပြီးအကျင့်ပုပ်တဲ့ယောက်မကိုနှိပ်စက်မယ်Where stories live. Discover now