ပြန်လည်မွေးဖွားပြီးအကျင့်ပုပ်တဲ့ယောက်မကိုနှိပ်စက်မယ်

1.2K 103 0
                                    

No.50 Chapter 22
(တယ်လီဖုန်းထဲမှာ ထိပ်တိုက်တွေ့ကြခြင်း)

"ငါ မင်းကို သတိပေးမယ်…သူမနဲ့ဝေးဝေးနေ..မင်းအခုဘယ်မှာလဲ...မင်းတစ်ခုခုလိုအပ်ရင် ငါ့ကိုလာတွေ့ပါ.. သူမ ဘာမှမသိဘူး" 

ဝေ့ထင် က သူ့အသံကို ထိန်းထားပြီး ဒေါသတကြီးသတိပေးသည်။ သို့သော် သူ၏သတိပေးချက်မှာ ကျိုးဖုန်း ကိုလုံးဝမထိရောက်စေပေ။ကျိုးမိသားစု၏ အင်အားသည် ဝေ့မိသားစုလောက် မကောင်းသော်လည်း အစိုးရ၏ ကျောထောက်နောက်ခံရှိသည်။ တစ်ကယ်သာ ထိပ်တိုက်တွေ့ကြလျှင် ဒုက္ခရောက်သွားနိုင်၏။

ကျိုးဖုန်း နှစ်ကြိမ် ချောင်းဆိုးပြီးနောက်

"ဥက္ကဌဝေ့ က မစ္စစု ကို ကွာရှင်းမှာ မဟုတ်ဘူးလား..မင်းတို့နှစ်ယောက်ရဲ့ဆက်ဆံရေးက တော်တော်ဆိုးတယ်လို့ ငါကြားတယ်... အခု မင်း သူမအတွက် ဘာလို့ အရမ်းစိုးရိမ်နေတာလဲ... ငါကြားခဲ့တာတွေက မမှန်ဘူးလား…မင်းတို့ရဲ့ဆက်ဆံရေးက တစ်ကယ်ကောင်းနေဆဲပဲလား…အဟွတ် အဟွတ်"

ကျိုးဖုန်း သည် ဝေ့ထင် စိတ်အနှောင့်အယှက်ဖြစ်စေမည့် အကြောင်းအရာကို တမင်ရှောင်ကာ ပြောခဲ့ခြင်းဖြစ်သည်။ သာမာန်အားဖြင့်ဆိုလျှင် ဝေ့ထင် သေချာပေါက် သတိထားမိနိုင်သည်။ သို့သော် ယခုအချိန်တွင် သူ့နှလုံးသားသည် စုမုန့် နှင့်သာ ပြည့်နှက်နေသည်။  ဖုန်း၏တစ်ဖက်စွန်းမှ အသံက သူ့နားကို လွှမ်းမိုးထားလျက်ရှိ၏။သူ ဤမျှထိ စိတ်မလှုပ်ရှားဖူးပေ။ ယခုတော့ စိတ်ကိုဘယ်လို တည်ငြိမ်အောင်ထားရမှန်းပင် မသိတော့။

ကံကောင်းထောက်မစွာပင်၊သူစိုးရိမ်နေသော်လည်း သူ၏ကျိုးကြောင်းဆီလျော်စွာ တွေးခေါ်နိုင်စွမ်းမှာ အကောင်းအတိုင်း ရှိနေသေးသည်။ သူသည် ကျိုးဖုန် းနှင့် ဖုန်းမပြောမီ ကျိုးဖုန်၏ ဖုန်းနံပါတ်ကို ကျူးရွှင်း ထံသို့ ပေးပို့ထားပြီးဖြစ်သည်။ ထို့ကြောင့် သူတို့နှစ်ဦး ဖုန်းပြောနေကြချိန်တွင် ကျူးရွှင်းက တည်နေရာကို ရှာဖွေရန် နည်းပညာဌာနကို တောင်းဆိုထားပြီးဖြစ်သည်။

ကျိုးဖုန်းသာ ဖုန်းမချပါက၊ သူ့လိပ်စာကို မပေးလျှင်တောင် ဝေ့ထင် သူ့ကို ရှာတွေ့နိုင်မှာဖြစ်၏။ သို့သော်လည်း ကျိုးဖုန်း၏ စိတ်ကို တည်ငြိမ်အောင်ထားရန် လိုအပ်သည်။သူက တစ်ကယ့်အရူးပင်။ သူသည် ကျိုးမိသားစုတွင် မကြာခဏ အပြင်မထွက်ဘဲ သူနှင့်အဆက်အသွယ်ရှိသူ အလွန်နည်းပါးသော်လည်း၊ မိသားစုကြီး၏ အကြီးဆုံးသားဖြစ်သောကြောင့် ဝေ့ထင် သူ့စရိုက်ကို ကောင်းစွာသိသည်။

ပြန်လည်မွေးဖွားပြီးအကျင့်ပုပ်တဲ့ယောက်မကိုနှိပ်စက်မယ်Where stories live. Discover now