ပြန်လည်မွေးဖွားပြီးအကျင့်ပုပ်တဲ့ယောက်မကိုနှိပ်စက်မယ်

1.2K 98 0
                                    

Chapter 35 sister in law

(ကျေးဇူးသိတတ်မှု)

သူသည် ရင်းနှီးမြုပ်နှံမှုများစွာရရှိခဲ့ပြီး  အိမ်များစွာကိုလည်း ရောင်းချနိုင်ခဲ့သည်။ယခုဆို အိမ်မက်ထဲက လန့်နိုးလာလျှင်တောင် ပြုံးနေမိအောင်ပင် ဝင်ငွေအများကြီး ရခဲ့သည်။လက်ရှိတိုးတက်မှုများကြောင့် နောက်ထပ် ရင်းနှီးမြုပ်နှံရန် အချိန်အတော်ကြာမည်မဟုတ်ပေ။

"အရေးကြီးဆုံးက ဘာလဲ သိလား...ဆရာမက ကျွန်တော့်မိန်းမရဲ့အသက်ကို သွယ်ဝိုက်ပြီး ကယ်ခဲ့တာပဲ"

"ကျွန်တော့်ရဲ့ အလုပ်အကိုင်တွေက  အဆင်မပြေတဲ့အတွက် မိန်းမက စိတ်ဆိုးပြီး သူ့ရွာကို ပြန်သွားခဲ့တယ်... မကြာသေးခင်က ကျွန်တော် လုပ်ငန်းတွေ အဆင်ပြေ‌လာတော့ သူမကို ချော့လိုက်တော့မှ သူမ ပြန်လာခဲ့တာ...ပြီး‌ေတာ့ ဘာဖြစ်သွားလဲ သိလား" 

ရှန့်ချိုး၏ လေသံမှာ စိတ်သက်သာရာ ရသွားပုံရသည်။

စုမုန့် တစ်စုံတစ်ခုကို ယောင်ဝါးဝါးခံစားမိသော်လည်း သူမ မပြောခဲ့ပေ။

"ဘာဖြစ်တာလဲဟင်"

ဖုန်းတစ်ဖက်တွင် ဘုန်းဆိုသည့် အသံတစ်ခုထွက်ပေါ်လာသည်။ ရှန့်ချိုး စိတ်လှုပ်ရှားလွန်း၍ တစ်ခုခုကို ရိုက်ချိုးခဲ့ခြင်းဖြစ်မည်။ထို့နောက် သူက ခြောက်ကပ်စွာ ရယ်မောပြီး

"ကျွန်တော့်မိန်းမက မနက်က အိမ်ကနေ အပြင်ကို ထွက်သွားတာ… နေ့လည်ပိုင်းကျ အိမ်က အလိုလိုပြိုကျသွားတယ်...သူမသာ အိမ်မှာနေလိုက်ရင် သွားပြီ"

စုမုန့် အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်သည်။

"တစ်ကယ်တော့ ဒါက ရှင် ကောင်းတာလုပ်လို့လည်း ပါတယ်..ရှင့်အလုပ်မှာ လိမ်လည်လှည့်ဖြားတာတွေ မလုပ်ဘဲ ရိုးသားလို့ပါ..ဒါပေမယ့် နောက်ဆိုလည်း တတ်နိုင်သလောက် ကောင်းတာတွေ လုပ်ရမယ်...ဒါဆို ကံလည်း ပိုကောင်းလာလိမ့်မယ်”

သူမက ပျော်နေရှာသည့် ရှန့်ချိုးအား  ထပ်သတိပေးသည်။

"ဟုတ်ပါတယ်... ဆရာမ၊ စိတ်မပူပါနဲ့...ကျွန်တော့် အမေကလည်း ငယ်ငယ်ကတည်းက ရိုးသားဖို့ သင်ပေးတယ်..., စီးပွားရေးလောကထဲက လူတွေကိုလည်း ကျွန်တော် မဟုတ်တာမလုပ်ဘူး… ဒါတင်မကသေးပါဘူး၊ ပရဟိတအတွက် ရန်ပုံငွေလည်း ထည့်ဝင်ပါ့မယ်"

ပြန်လည်မွေးဖွားပြီးအကျင့်ပုပ်တဲ့ယောက်မကိုနှိပ်စက်မယ်Where stories live. Discover now