ပြန်လည်မွေးဖွားပြီးအကျင့်ပုပ်တဲ့ယောက်မကိုနှိပ်စက်မယ်

1.2K 96 0
                                    

Chapter 27

(သေခြင်းကိုအစားထိုးခြင်း)

ကျိုးဖုန်း ၏ မျက်နှာမှာ မည်းမှောင်သွားကာ မလိုအပ်ဘူးဟု ကျွန်ကို အချက်ပြပြီး သူ့လက်ကို ပြန်ဆွဲယူလိုက်သည်။ စုမုန့် အပြင်းအထန် ညှစ်ထားရာမှ ရပ်လိုက်သည့်အခါ သွေးထွက်မလာတော့ပေ။အစေခံခမျာလည်း စိတ်ရှုပ်သွားဟန်တူသည်။

ကျိုးဖုန်း ၏သွေးကိုယူပြီးနောက်၊ စုမုန့် သည် ဓားကို သန့်စင်အောင်သုတ်ကာ အရက်ပြန်ဖြင့်သေသေချာချာ ပိုးသတ်လိုက်သည်။

ဤသည်ကိုမြင်သော ကျိုးဖုန်း က “…”

သူက နေမကောင်းလို့ရွံနေတာလား... ဒါမှမဟုတ် သူ့သွေးတွေက ညစ်ပတ်နေတယ်လို့ ဆိုချင်တာလား…

သေသေချာချာ ပိုးသတ်ပြီးနောက် စုမုန့် သည် သူမ လက်ကို တစ်ဖန်ပြန်မြှောက်ကာ လက်ချောင်းပေါ်တွင် သေးငယ်သော ဒဏ်ရာတစ်ခုဖြစ်လာအောင် ခြစ်ရာအနည်းငယ်ပေးလိုက်သည်။ မျှော်လင့်ထားသည့်အတိုင်းပင်၊ လက်ဆယ်ချောင်းစလုံး နှလုံးနှင့် ချိတ်ဆက်ထားသဖြင့် အတော်နာကျင်လှ၏။သူမ တစ်ချက်ရှုံ့မဲ့သွားကာ မကြာမီ တည်ငြိမ်မှု ပြန်ရလာသည်။

ကျိုးဖုန်း က သူမကို ပိုက်ဆံအများကြီးပေးပြီး နောက်ပိုင်းမှာ ပေးမည်ဟု ကတိပေးထား၍ ဤနာကျင်မှုက ဘာမှမဖြစ်ချေ။ ပိုက်ဆံသာ အများကြီးပေးပါက နာကျင်မှုကို နှစ်ဆအထိ ခံနိုင်ရည်ရှိသည်။သူမသည် သွေးနှစ်စက်ကို ညှစ်ထုတ်ပြီးနောက် ကြွေပန်းကန်ပြားထဲသို့ သစ်ကြံပိုးခေါက်အနည်းငယ်ထည့်ကာ သွေးနှင့် သစ်ကြံပိုးခေါက်ကို ပေါင်းစပ်လိုက်သည်။

သူမ၏ အပြုအမူကို ကျိုးဖုန်း စူးစူးရဲရဲ စိုက်ကြည့်နေသည်။  ခုနက သူပြောခဲ့တဲ့ စကားတွေက သူ့စိတ်ထဲမှာ ပဲ့တင်ထပ်နေခဲ့၏။တစ်ဖန် သူ့စိတ်ထဲတွင် အတွေးတစ်ခု ဖြည်းညှင်းစွာ ဖြစ်ပေါ်လာသည်။

“မင်းရဲ့သွေးကို ဘာလို့သုံးတာလဲ…  ဒါအဆင်ပြေလား"

ကျိုးဖုန်း က သူမကို နှိမ့်ချနေသည်ဟု အထင်ရောက်၍ သူမ စိတ်မရှည်ဟန်ဖြင့် ရှင်းပြလိုက်သည်။

"အရည်အချင်းပြည့်မီတဲ့ ဘယ်သူ့သွေးကိုမဆို သုံးလို့ရတယ်...ဒီမှာက အစေခံတွေအားလုံး ယောက်ျားသား တွေ ဖြစ်နေလို့ ကျွန်မ သွေးကိုသုံးလိုက်တာ…ဘာပဲဖြစ်ဖြစ် ရလဒ်ကတော့ အတူတူပါပဲ”

ပြန်လည်မွေးဖွားပြီးအကျင့်ပုပ်တဲ့ယောက်မကိုနှိပ်စက်မယ်Where stories live. Discover now