ပြန်လည်မွေးဖွားပြီးအကျင့်ပုပ်တဲ့ယောက်မကိုနှိပ်စက်မယ်

1.3K 117 1
                                    

Chapter 43 sister in law
Chapter 43November 16, 2023
(ကလိမ်ကကျစ်)

စုမုန့် ၏ အင်းစာရွက်ပေါ်တွင် ရေများ အတင်းသုတ်နေသော အဘိုးအို၏ လက်သည် ခဏရပ်သွားသည်။  ရှန်းကျန့်သည် ဤမျှကျယ်ကျယ်လောင်လောင်ပြောရဲမည်ဟု သူ မမျှော်လင့်ခဲ့ပေ။ ရှန့်ကျန်းကိုယ်စား ရောက်ရှိလာသူအားလုံး ချွေးများထွက်နေကြသည်။   အမည်မသိ ဖုန်းရွှေပညာရှင်တစ်ဦးသည် စီနီယာတစ်ဦးအား ထိုစကားကို အမှန်တစ်ကယ်ပင် ရဲရဲတင်းတင်းပြောရဲခဲ့သည်။

"သူ ဖုန်းရွှေပညာရှင် လုပ်မစားချင်တော့တာလား... "

ရှန့်ကျန်း သည် သူမအတွက် တစ်ချိန်လုံး ကာပြောနေခဲ့၍ အားလုံးက သူမအပေါ် အာရုံစိုက်နေသဖြင့် စုမုန့် ခေါင်းကုတ်ရလေသည်။

ရှန့်ကျန်း သည် ကံကောင်းစွာပင် အထီးကျန်မိစ္ဆာ ကြယ်ပွင့်တစ်ဦးဖြစ်နေသော်လည်း စိတ်ထားက အားကိုး၍ရပေသည်။ဤအတိုင်းသာဆိုလျှင် သူ ဆက်ပြီး ဖုန်းရွှေပညာရှင်အဖြစ် အသက်မွေးဝမ်းကြောင်းပြုနိုင်မှာမဟုတ်တော့ပေ။ထို့ကြောင့် သူမသည် ရှန့်ကျန်းကို ကာကွယ်ရန်

"အဆင်ပြေပါတယ် မဟာဆရာသခင်...ကျွန်မရဲ့ အင်းစာရွက်ပေါ် ရေတွေ လောင်းထည့်လို့ရတယ်..စိတ်ပူစရာ မလိုပါဘူး"

သူမ၏ လေသံက သဘောရိုးနှင့်ပြောခြင်းဖြစ်သော်လည်း ဘေးနားက လူတွေက အသက်ပြင်းပြင်းရှူလိုက်ကြ၏။ ရှန့်ကျန်း စကားတွေကလည်း အတော်လွန်နေပြီဖြစ်၍ စုမုန့် ဤမျှရိုင်းစိုင်းဖို့ မမျှော်လင့်ထားပေ။

ပတ်ပတ်လည်တွင် ကင်မရာများ ရှိခဲ့သည်။ သူ၏ ဒေါသကို  ပြသရန်အတွက် အဘိုးအိုသည် အင်းစာရွက်ကို  ရေနှစ်ထားသော စုတ်တံဖြင့် ထပ်မံပွတ်သုတ်လိုက်ပြန်၏။

ထို့နောက် လူတိုင်းက စာရွက်ကိုကြည့်လိုက်မိသည်။ စက္ကူကို ရေများများနှစ်ပြီးသောအခါ တဖြည်းဖြည်း ပြောင်းလဲလာသည်။ရေစိမ်ထားသည့်နေရာက အနည်းငယ် မီးခိုးရောင်ပြောင်းသွားသည်။

ခဏအကြာတွင် အပြောင်းအလဲက ရပ်တန့်သွားပြီး စာရွက်တစ်ရွက်လုံးမှာ မီးခိုးရောင် အနည်းငယ်သာ ရှိတော့သည်။အတော်လေးပြည့်စုံသည့် ကောက်ကြောင်းများပင်။ဝန်မခံချင်သော်လည်း စုမုန့် သည် ရမ်ထူ ထက် သာမာန်ဆွဲတတ်သူဖြစ်ကြောင်း ဝန်ခံရမည်ဖြစ်သည်။

ပြန်လည်မွေးဖွားပြီးအကျင့်ပုပ်တဲ့ယောက်မကိုနှိပ်စက်မယ်Where stories live. Discover now