ပြန်လည်မွေးဖွားပြီးအကျင့်ပုပ်တဲ့ယောက်မကိုနှိပ်စက်မယ်

2.3K 190 3
                                    

Ei Thet Hmue:
Chapter 2
After being reborn I tortured the vicious sister in law

စုမုန့် လက်ကိုဆန့်ကာ ဝေ့ထင်၏လက်မောင်းကို ထိလိုက်သည်။ ကျစ်လစ်နွေးထွေးသည့် သက်ရှိလူသားတစ်ယောက်၏ အပူချိန်ကို ခံစားလိုက်ရသည်။ သူမ၏ပေါင်ကို လက်ဖြင့်ဆွဲလိမ်လိုက်မိသည်။ သူမ ခန္ဓာကိုယ်ကပူလောင်နေပြီး နာကျင်မှုက အရာအားလုံးသည်အစစ်အမှန်ဖြစ်ကြောင်းကို ပြသနေသည်။

' ဝေ့ထင် သေတာမဟုတ်ဘူးဟ.... သူမကိုယ်တိုင်လဲ အသက်ရှင်နေတုန်းပဲ .... '

သူမ တစ်ဖက်သို့စောင်းငဲ့ကြည့်လိုက်စဉ် စားပွဲပေါ်တွင်တင်ထားသော သူမ၏ဖုန်းကိုတွေ့လိုက်သည်။ ဖုန်းတွင်ပေါ်နေသည့် အချိန်ကို သူမကြည့်လိုက်သည်။ သူမ သေဆုံးခဲ့သည့်နှစ်မဟုတ်ဘဲ လွန်ခဲ့သည့် ၅ နှစ်က ရက်စွဲဖြစ်နေသည်။

'သူမ ပြန်လည်မွေးဖွားလာတာလား .... '

စုမုန့် ပြန်လည်မွေးဖွားလာပြီဖြစ်သည်။ ဝေ့ထင်အား ဖြားယောင်းခဲ့သည့် လွန်ခဲ့သော ၅ နှစ်က အချိန်ကို ပြန်ရောက်နေခြင်းပင်။ ထို့အပြင် ထိုညမှာပင် သူမ ကိုယ်ဝန်ရှိသွားခဲ့သည်မဟုတ်ပါလား ....

ဖုန်းအားကြည့်လိုက်၊ သူမကိုယ်သူမဆွဲလိမ်လိုက်၊ သူ့အားလာထိလိုက် ဖြစ်နေသည့် စုမုန့်အားကြည့်ရင်း ဝေ့ထင် ပြောစရာစကားများပျောက်ရှနေသည်။

"....."

သူ့အားဆွဲဆောင်နေသည့်အမျိုးသမီးသည် ရုတ်တရက်ချက်ခြင်းပင် ယခုကဲ့သို့ ပုံစံပြောင်းလဲသွားလေသည်။ မူလကအေးစက်နေသော ဝေ့ထင်၏မျက်ဝန်းများသည် ပို၍အေးစက်လာသည်။ သူက လေးနက်သည့်အသံဖြင့်ပြောလိုက်သည်။

" မင်း ဘာလှည့်ကွက်တွေသုံးနေတာလဲ..."

ပြန်လည်မွေးဖွားလာသည်ကို သိလိုက်သည့် စုမုန့်သည် စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်သွားသည်။

'ပြန်မွေးဖွားလာတာပဲ ... ကောင်းတယ် ... သိပ်ကောင်းတာပဲ ... '

ကောင်းကင်ဘုံက သူမ၏အရင်ဘဝကို သနားပြီး‌ နောက်ထပ်အခွင့်အရေးတစ်ခုထပ်ပေးလိုက်ပုံပင်။

' ဝေ့ထင် ... ဝေ့ရွှယ် ... နင်တို့မောင်နှစ်မနှစ်ယောက်လုံး တကယ်တော်ကြတယ် ... အရင်ဘဝတုန်းက နင်တို့အသုံးချတာကိုခံခဲ့ရတယ်... ငါ တကယ်မထင်ခဲ့မိဘူး ... အခုတော့ အရင်ဘဝကအမှတ်ရစရာတွေနဲ့ ငါပြန်လာပြီ .... ဒီတစ်ခါတော့ ငါနဲ့ငါ့ကလေးအတွက် အဆတစ်ထောင်ပြန်ပေးဆပ်ရမယ် ... '

ပြန်လည်မွေးဖွားပြီးအကျင့်ပုပ်တဲ့ယောက်မကိုနှိပ်စက်မယ်Where stories live. Discover now