System နှင့်တွေ့ဆုံခြင်း

1.9K 56 14
                                    

<Unicode>
Build အခုဘယ်ရောက်နေမှန်းမသိဖြစ်နေသည်။ညက သူ့ကုတင်မှာ သူအိပ်နေတာပါ ဘယ်လိုလုပ်တစ်ခြားနေရာရောက်နေတာပါလိမ့် Build တစ်ယောက်ထဲ ခေါင်းကုတ်ရင်း တွေးနေမိသည်။

"ဆာဝါဒီခ host"

"ဘယ်သူလဲ"

"ငင့် ဒီ host က ယဉ်ကျေးမှုလည်းမရှိဘူး ဆာဝါဒီခလိုပြောရင် ဆာဝါဒီခ လိုပြန်ဖြေရမှန်းမသိဘူးလား"

"ဘယ်သူလဲလို့မေးနေတယ်လေ"

"ကုတင်အောက်ကိုငုံ့ကြည့်လိုက်"

Build လည်း ကုတင်အောက်ကိုငုံ့ကြည့်လိုက်တော့ ဆူးတွေပြည့်နေတဲ့ ဖြူကောင်တစ်ကောင်က မျက်လုံးပြူးပြူးနဲ့သူ့ကို ကြည့်နေသည်။

"အိုး ဖြူ‌ကောင်မင်းက ဘာလေးလဲ"

"ဘာလေးလဲဆိုတော့ ဖြူ‌ကောင်လေးပေါ့ ဒါလေးတောင်မသိဘူးလား"

"ဖြူမှန်းတော့ မင်းပြောမှလား ငါပြောတာ မင်းက ဘာလဲလို့"

"ဖြူ‌ကောင်ပါဆို"

"မဟုတ်ဘူးလေ မင်းက ဘာလဲလို့"

"ငိုးမ ဖြူကောင်ပါဆို ဖြူ‌ကောင်ပေါ့  system ဖြူကောင်ဟေ့ သိပြီလား"

"အေလေ အစကတည်းက system ဖြူ‌ ကောင်လို့ပြောလိုက်ရင်ရနေပြီဟာကို ဒါနဲ့ငါက ဒီကို ဘယ်လိုရောက်လာတာလဲ"

"အအိပ်လွန်ပြီးရောက်လာတာပါ"

"ညအချိန်အိပ်တာ ဘယ်လိုလုပ်အအိပ်လွန်တာဖြစ်မှာလဲ"

"ညအချိန်အိပ်တာ ကိစ္စမရှိပေမဲ့ မနက် ၁၀ နာရီထိအိပ်နေတာက လွန်သွားပြီ အဲ့ကြောင့် system God တွေက မျက်မုန်းကျိုးပြီး system ဆီဆွဲထည့်လိုက်တာ"

"အော် ကျန်တဲ့လူတွေ နေ့လည် ၁၁ နာရီထိအိပ်တာ ဆွဲမထည့်ဘဲ နေသိပ်မထွက်တဲ့အချိန် ၁၀ နာရီထိအိပ်တဲ့ ငါ့ကိုကြဆွဲထည့်တယ်ပေါ့"

"ဘယ်သူမှ အဲ့ချိန်ထိမအိပ်ဘူး host ဘဲအိပ်တာ ကဲ host ကျနော့်ကိုဘယ်လိုခေါ်မလဲ"

"အင်း ငါစဉ်းစားလိုက်အုံးမယ်"

ထို့နောက် Build မှာ မေးကိုဟန်ပါပါပွတ်ရင်း နာရီဝက်လောက်စဉ်းစားနေလိုက်သည်။ခဏကြာမှ

System 11111 (Complete)Where stories live. Discover now