<Unicode>
နောက်တစ်နေ့ရောက်တော့ မင်လန်ယင်း ပျင်းပျင်းနဲ့ မင်မုန့်ချင်ရဲ့ နန်းဆောင်ဆီကြွလိုက်သည်။အဆောင်တံခါးကနေ အထဲဝင်လိုက်တာနဲ့ မှောက်ရက်အိပ်ကာ မှိန်းနေတဲ့ မင်မုန့်ချင်ကိုတွေ့လိုက်ရသည်။
ခပ်ပြုံးပြုံးဘဲဝင်သွားလိုက်ကာ
"မမ အရိုက်ခံရတာ အရမ်းနာနေလား"
"မင်းထွက်သွား ဂြိုလ်ဆိုးကောင်"
"အို ဘုရင့်အချစ်တော်ကို ဒီလိုပြောရဲတယ်ပေါ့ ရဲမက်တွေလာကြစမ်း ဒီကိုယ်လုပ်တော်ကို ငါ့နန်းဆောင်ရှေ့မှာ ၂ နာရီဒူးထောက်ခိုင်းလိုက်စမ်း"
အနောက်ဆောင်အုပ်ချုပ်ဖို့အာဏာရှိတဲ့အပြင် ဘုရင်ချစ်မြတ်နိုးတဲ့လူဖြစ်နေတဲ့အတွက်ကြောင့် ရဲမက်တွေလည်းအမိန့်ကို နာခံလာကြသည်။
မင်မုန့်ချင် ဒေါသထွက်နေတဲ့မျက်ဝန်းနဲ့ကြည့်ကာ
'မင်းတွေ့မယ်'
ဆိုပြီးကြိမ်းဝါးကာ ဒူးထောက်နေလိုက်သည်။ကျန်တဲ့ကိုယ်လုပ်တော်တွေကတော့ ဘယ်သူမှန်တယ် ဘယ်သူမှားတယ်ဆိုတာ မဝေဖန်ဘဲ သူတို့ဟာသူတို့နေနေကြသည်။
မင်မုန့်ချင်က သူ့ကိုဘယ်သူမှလာမကူတာကြောင့် မဆီမဆိုင် ကျန်တဲ့ကိုယ်လုပ်တော်တွေကို ဒေါသထွက်နေသည်။
ဒူးထောက်တာ ၂ နာရီပြည့်တော့ သူ့ရဲ့အစေခံအပျိုတော်တွေရဲ့အကူအညီနဲ့ အိပ်ဆောင်ဆီပြန်သွားလေသည်။
မင်လန်ယင်းလည်း ပြသနာသွားမရှာတော့ပေဘာလို့လဲဆိုတော့ သူ့ရဲ့ second mission ကပြည့်သွားတာကြောင့်ပင်...
အခုတော့ ကိုကိုနဲ့ ကလေးယူဖို့သာအားပြန်စိုက်ရတော့သည်။ porcupine ကလည်း သူ့ကလေးကိုလိုချင်လို့လားမသိဘူး အားနေ ကလေးအမြန်မွေးပါတော့ ဆိုပြီးဂျီကျကျနေသည်။
ယန်ရှင်းလုံကလည်း သူ့အိပ်ဆောင်နဲ့ မင်လန်ယင်းရဲ့အိပ်ဆောင်ကို မှားများမှားနေလားမသိဘူး ညတိုင်း မင်လန်ယင်းရဲ့အိပ်ဆောင်မှာသာ လာအိပ်ပြီး ညီလာခံသွားတယ်....
ညီလာခံက ပြန်လာရင် မင်လန်ယင်းနဲ့အတူမနက်စာစားတယ် နေ့လည်ကြရင် လုပ်စရာရှိရင်လုပ် မရှိရင် မင်လန်ယင်းနဲ့လျှောက်လည်ကာ အချိန်ကုန်စေသည်။