<Unicode>
'host ခန္ဓာကိုယ်က ဘယ်လိုလုပ် beta ပြောင်းသွားတာလဲ''ဟမ် beta ပြောင်းသွားတယ်'
'အင်း '
'ဖြစ်နိုင်လို့လားဟ'
'မသိဘူးလေ host ဝင်လာလို့ပြောင်းသွားတာများလား'
'ဟုတ်လောက်တယ် ငါလေးက နူးညံ့ပြီးအားနည်းတဲ့ Omega ဖြစ်ဖို့မတန်လို့ပြောင်းသွားတာနေမှာ အဲ့ဆို ငါကိုယ်ဝန်မဆောင်နိုင်တော့ဘူးပေါ့'
'ဟုတ်ပါတယ်'
'ဟင်း..စိတ်တောင်မကောင်းဘူးကွာ အဟီး'
'ဝမ်းနည်းတာလား ပျော်တာလား'
'ပျော်တစ်ဝက် ဝမ်းနည်းတစ်ဝက်ပေါ့'
Porcupine system space ထဲရောက်လာတဲ့ အာ့ရှန်းကြောင့် သူ့ host နဲ့စကားဆက်မပြောတော့ဘဲ အာ့ရှန်းရဲ့ရင်ခွင်ထဲတိုးဝင်ကာ စတင်ချွဲတော့သည်။
အာ့ရှန်းလည်း ချစ်ဖို့ကောင်းလွန်းတဲ့အားပိုင်ကြောင့် ပါးလေးကိုညစ်လိုက် နှုတ်ခမ်းလေးကိုနမ်းလိုက်နဲ့ အားပိုင်ပြောတာတွေကို ပြုံးရင်းနားထောင်ပေးနေသည်။
ဝေ သူ့ mission တစ်ခုမှမပြီးသေးတာကြောင့် mission တစ်ခုအရင်ပြီးအောင်လုပ်ဖို့တွေးလိုက်သည်။
အိပ်ခန်းကစားပွဲမှာ စာရင်းတွေစစ်နေတဲ့ ပက်ရဲ့ပေါင်ပေါ်မျက်နှာချင်းဆိုင်သွားထိုင်လိုက်ပြီး
"ကိုကို ကလေးကိုချစ်လားဟင်"
"ချစ်တာပေါ့ ကိုယ့်မှာချစ်စရာဆိုလို့ ဒီကလေးတစ်ယောက်ဘဲရှိတာကို မချစ်ဘဲနေမလား"
"ကလေးကို လက်ထပ်ဖို့ထိရည်ရွယ်ထားလား"
"ဟင်"
ဝေရဲ့အမေးကြောင့် ပက်အနည်းငယ်ကြောင်သွားသည်။နောက်မှ သူနဲ့ဝေက လက်မထပ်ရသေးမှန်းသတိရသွားသည်။
ဝေနဲ့စားအတူ အိပ်အတူနေအတူမို့ လက်မထပ်ရသေးတာကိုမေ့သွားခဲ့ခြင်းပင်..သူ့ရှေ့မှာ မျက်နှာငယ်လေးနဲ့ထိုင်နေတဲ့ဝေရဲ့ နှုတ်ခမ်းကို တစ်ရှိုက်မတ်မတ်နမ်းလိုက်ပြီး ဝေရဲ့လည်ဂုတ်နောက်က ဂလင်းကို လက်ညိုးနဲ့ပွတ်နေလိုက်သည်။