<Unicode>
ကျောင်းကို သုံးရက်အတွင်းဆောက်ပြီးသွားတော့ အကုန်လုံးက တစ်လလောက်ကျောင်းပိတ်ပြီးမှ ပြန်ဖွင့်ဖို့သဘောတူလိုက်ကြသည်။တေကလည်းကျောင်းပိတ်နေတဲ့အတောအတွင်း ကျောင်းကို ဓါတ်ပုံတွေရိုက် ကြော်ငြာတွေရိုက်ပြီး ကျောင်းကို လူတွေကြားနာမည်ကြီးအောင် ပြုလုပ်တော့သည်။
ကျောင်းရဲ့အရှေ့တွင်လည်း လှပတဲ့ပန်းပင်တွေစိုက်ပျိုးခိုင်းလိုက်သည်။ ထိုင်ခုံတွေနဲ့ အတော်ဆုံးစားဖိုမှူးတွေခေါ်ပြီးလည်း ကန်တင်းတစ်ခုတည်ဆောက်လိုက်သည်။
ထို့နောက် အတော်ဆုံးပါမောက္ခတွေ ဆရာတွေကို လိုက်လံစည်းရုံးကာ သူ့ကျောင်းတွင်လာလုပ်ဖို့ ပြောတော့သည်။
စည်းရုံးစွမ်းရည်ပိုင်ဆိုင်ထားတာကြောင့် သူစည်းရုံးတဲ့လူတွေအကုန်လုံးဟာ လက်ခံသဘောတူကြသည်။
တစ်လအတွင်း ကျောင်းကိုလိုလေသေးမရှိအောင် စီမံပြီးနောက် ကျောင်းဖွင့်ချိန်သို့ရောက်လာတော့သည်။
အရင်တက်နေတဲ့ကျောင်းသားတွေအပြင် ကျောင်းရဲ့ကြော်ငြာအားကောင်းမှုကြောင့် အသစ်ပြောင်းလာတဲ့သူတွေဟာ ကျောင်းကိုတွေ့ပြီးနောက် အံဩသွားကြတော့သည်။
ကျောင်းက တေရဲ့စီမံမှုကြောင့် အရာအားလုံးကပြောစရာတစ်ကွက်မှမရှိပေ..ဆရာတွေကလည်း အတော်ဆုံးသူတွေဖြစ်နေကြတာကြောင့် ကျောင်းဟာ လူတွေကြား တစ်ခနအတွင်းမှာဘဲ နာမည်ကြီးမားသွားတော့သည်။
လူတိုင်းက ကျောင်းအုပ်ကို အရင်ကလုပ်ဖူးတဲ့ တေမိခင်ဘဲထင်နေကြသည်။အတွင်းပိုင်းလူတွေကသာ ကျောင်းသားတေက ကျောင်းအုပ်လုပ်ရမည့်အရာအားလုံးကို စီမံနေမှန်းသိကြသည်။
အစက တေလုပ်သမျှကို သိပ်သဘောမကျကျပေမဲ့ နောက်ပိုင်းတွင် တေရဲ့စီမံကောင်းမှုကြောင့် လက်ခံလာကြကာ တေ့ကိုလည်း လေးစားလာကြသည်။
ကျောင်းကို စာလိုက်နိုင်သူတွေက အတန်းကျော်နိုင်တဲ့ စနစ်ကို တေတီထွင်ပြီးနောက် တေက အတန်းတိုင်းကို အဆင့်ကျော်တက်ကာ တစ်နှစ်အတွင်း ဘွဲ့ယူနိုင်ခဲ့သည်။