<Unicode>
ဗစ်ရှဝါ အိမ်ပြန်လာတော့ ရှီကာက အပြုံးနဲ့ကြိုဆိုလေသည်။အပြုံးကိုကြည့်လိုက်တော့ လူမပြောနဲ့ပုရွက်ဆိတ်တောင်သတ်ရဲမဲ့ပုံမပေါ်ပေ...ကျယ်ပြန့်တဲ့ရှီကာရဲ့ရင်ခွင်ထဲ တိုးဝင်လိုက်ပြီး
"လူသေပြန်ပြီ"
ဆိုပြီးစိတ်ဓါတ်ကျတဲ့အသံနဲ့ပြောလိုက်သည်။
"စိတ်မပူပါနဲ့မကြာခင်ဖမ်းမိတော့မှာပါ"
"ကိုကို့ကို ကလေးက အရမ်းချစ်တယ်ဆိုတာယုံထားပေးနော်"
"ယုံပါတယ် ဗိုက်ဆာနေပြီလား လန်းဆန်းသွားအောင်ရေမိုးချိုးလိုက်နော် ပြီးရင်မနက်စာစားကြမယ်"
ဗစ်ရှဝါလည်းစိတ်ဓါတ်ကျနေတဲ့ပုံစံနဲ့ခေါင်းငြိမ့်ပြပြီး အခန်းထဲဝင်လာခဲ့သည်။ရေချိုးလိုက်တော့နှုံးနေတဲ့ခန္ဓာကိုယ်ကအနည်းငယ်လန်းဆန်းသွားသည်။
အရင်က ထိုင်နေကြနေရာမှာမထိုင်တော့ဘဲ ကြမ်းပြင်ပေါ်ဆောင့်ကြောင့်ထိုင်ကာ
"ကိုကို ကလေးကို ခွံ့ကျွေး"
"ကလေးသဘောပါဗျာ"
ရှီကာလည်း ဗစ်ရှဝါနည်းတူ ဆောင့်ကြောင့်ထိုင်ပြီး ပလာတာကိုအနည်းငယ်ဖဲ့ပြီး နူးနေအောင်ချက်ထားတဲ့ ပဲဟင်းထဲနှစ်ပြီး ခွံ့ကျွေးလိုက်သည်။
"စားကောင်းလား"
"ကိုကိုချက်တာအားလုံးကောင်းတယ်"
ဗစ်ရှဝါ စားနေရင်း ရှီကာရဲ့လက်ကောက်ဝတ်ကိုကြည့်လိုက်သည်။အရင်က ရှီကာရဲ့လက်ကောက်ဝတ်ကိုတစ်ခါမှမကြည့်ဖူးပေ....
အခုကြည့်မိတော့မှ လက်ကောက်ဝတ်မှာ လူသတ်သမားရဲ့တက်တူးနဲ့တူတဲ့ ပါးပြင်ထောင်နေတဲ့ မြွေဟောက်ပုံရှိနေသည်။
ဒါဆို ရှီကာက လူသတ်သမားဆိုတာ သေချာသွားပြီပေါ့ သူချစ်ရတဲ့ကိုကို ကိုသူကိုယ်တိုင်ဖမ်းဆီးရတော့မှာပေါ့...
ပြုံးပြီး ပလာတာကိုဂရုတစိုက်ခွံ့ကျွေးနေတဲ့ကိုကိုကိုကြည့်ကာ ဗစ်ရှဝါမျက်ရည်ဝဲလာသည်။
"ဟာ ကလေးဘာဖြစ်လို့လဲ စပ်လို့လား မငိုနဲ့နော်တိတ်တိတ်"
"အဟင့် ကိုကိုမကောင်းဘူး သူများငိုချင်နေတာကို လာချော့တယ်"