<Unicode>
Build space ပြန်ရောက်ချိန် ၂၀ အရွယ်ကောင်လေးတစ်ယောက်က လက်နောက်ပစ်ကာ ရပ်နေသည်။"Porcupine"
"ဗျာ host"
"အံမယ် လင်စားခံရတော့ ကြီးလာလိုက်တာ"
"ဘာ ဘာကြီးလာတာလဲ"
"ခန္ဓာကိုယ်ပြောတာပါ ဘာတွေတွေး"
"ဘာမှမတွေးဘူး points တွက်ပေးမယ် အရင်ကမ္ဘာမှာ points 1000 ရပါတယ် အရင်ကရှိတဲ့ points 4000 နဲ့ပေါင်းရင် စုစုပေါင်း points 5000 ရှိပါပြီ"
"အို များလာပြီဘဲ"
"ဟုတ် နောက်ကမ္ဘာအတွက် Hacking သင်ရပါမယ် လွှဲမလား သွားသင်မလား"
"လွှဲပေး"
"Ok Hacking ပညာရပ်လွှဲပြောင်းပေးနေသည် 5....4....3....2....1... complete
Host profile ပြမယ်နော်
အမည်-Build Jakapan puttha
အသက်-30
လိင်-ကျား
လိင်တိမ်းညွှတ်မှု-ကျား
ရရှိထားသောpoint-5000
ပြီးမြောက်သောကမ္ဘာ-5/10
တတ်မြောက်ထားသော ပညာရပ်- အတိုက်အခိုက်၊သေနတ်ပစ် ၊သရဲနှင်တဲ့အတတ်ပညာ၊စွမ်းအင်ထိန်းချုပ်ခြင်းအတတ်ပညာ၊Hacking
သိုလှောင်ခန်း- ဖယောင်းတိုင် အချောင်း ၉၇ ၊အမွှေးတိုင် ၉၄၊ သံဝိုင်းအပြား ၁၀၀ ၊ကြိုးနီ ပေ ၁၀၀ ၊ ချစ်ဖို့ကောင်းတဲ့အရိုးခေါင်း ၂ လုံး၊make up တစ်ဘူး၊ဘီးတစ်ချောင်း
ဇာတ်ကြောင်းပို့ပေးမယ်နော် 5...4....3...2...1.. complete "
Build သူ့မှတ်ဉာဏ်ထဲ တရစ်ရစ်တိုးဝင်လာတဲ့ ဇာတ်ကြောင်းကို ဖတ်ကြည့်လိုက်သည်။ဒီကမ္ဘာက ထွေထွေထူးထူး သိပ်မရှိ..
ဇာတ်လိုက်က ဝမ်ချန်းဆန်း ဇာတ်လိုက်မက လျှိုမိန်းမိန်း ဖြစ်သည်။သူတို့နှစ်ယောက်က လင်မယားဖြစ်ပြီး အတော်ချစ်ကြသည်။
ဒီလိုပြည့်စုံနေတဲ့ ဇာတ်လမ်းထဲ Build ဝင်ရတဲ့အကြောင်းအရင်းကတော့ ကျောက်ရှစ်ကျင်း ဆိုတဲ့ဇာတ်ကောင်ကြောင့်ဖြစ်သည်။
ကျောက်ရှစ်ကျင်းက မိဘမဲ့ဖြစ်လေသည်။ဒီလိုဖြစ်ရတာကလည်း လျှိုမိသားစုကြောင့်ဖြစ်သည်။