3.5

500 37 4
                                    

<Unicode>
ဗစ်ရှဝါ ဟက်ကနဲတစ်ချက်ရီပြီး နောက်လှည့်ကာ ကျောင်းအုပ်ကြီးရဲ့ထိုးနေတဲ့လက်ညိုးကို တုတ်နဲ့ရိုက်ချလိုက်သည်။

"အား မင်း မင်းဘာလုပ်တာလဲ"

"ရိုက်ချလိုက်တာလေ အဲ့စောက်ပါးစပ်ကိုပိတ်ထား အသံထပ်ထွက်လာလို့ကဝောာ့ ဒီတုတ်နဲ့ မပိတ်နိုင်တဲ့အပေါက်ကိုပိတ်ပေးလိုက်မယ်"

ဗစ်ရှဝါလည်းကျောင်းအုပ်ကြီးကိုခြိမ်းခြောက်ပြီးမှ ကျောင်းသားတွေဘက်လှည့်ကာ

"ဆေးရောင်းနေတာ ဘယ်သူလဲ"

"....."

"ငါမေး‌နေတာမကြားကြဘူးလား"

"....."

"ဆေးရောင်းတာဘယ်သူလဲလို့မေးနေတယ်လေ"

‌ဗစ်ရှဝါလည်းတိတ်မြဲတိတ်နေတဲ့ကျောင်းသားတွေကြောင့် ကျောက်သင်ပုန်းကို တုတ်နဲ့လှမ်းရိုက်လိုက်သည်။

"၃ ဆိုတာနဲ့မဖြေရင် အကုန်လုံးအချုပ်ခန်းမှာအိပ်ဖို့ပြင်ထားကြ ၁....၂.... "

ထိုအခါ ကျောင်းသူတစ်ယောက်က

" သူ...သူပါ"

ဆိုပြီး နောက်ဆုံးတန်းက ကျောင်သားတစ်ယောက်ကိုညွှန်ပြလာသည်။ထိုကျောင်းသားက နှုတ်ခမ်းတစ်ဖက်ရွဲ့ပြပြီး

"ဟုတ်တယ် ငါဘဲ မင်းကဘာလုပ်နိုင်မှာမို့လို့လဲ"

"မင်းက ဘယ်သူမို့ ငါကဘာမှမလုပ်နိုင်ဘဲနေရမှာလဲ I am police "

ဆိုပြီး ထိုကျောင်းသားကိုဂုတ်ကနေဆွဲကာ အခန်းပြင်ထွက်လာခဲ့သည်။ကျောင်းသားကလည်း

"ငါ့ကိုလွှတ်စမ်း လွှတ်လို့ပြောနေတယ်လေ ဟိုကောင်တွေဘာကြည့်နေတာလဲ ဝိုင်းထိုးကြ ဖြစ်လာသမျှငါရှင်းမယ်"

ဆိုပြီးအော်ပြောလိုက်တော့ နောက်လိုက်ခွေးလို့ထင်ရတဲ့ ကျောင်းသား ၁၀ ယောက်လောက်က ဝိုင်းတိုက်ခိုက်လာသည်။

ဗစ်ရှဝါလည်း ကျောင်းသားရဲ့ဂုတ်ကိုမလွှတ်ဘဲ အရင်ဆုံးဝင်တိုက်ခိုက်လာတဲ့ကျောင်းသားကို ခြေထောက်နဲ့ဆောင့်ကန်ပြီးအဝေးကိုလွှင့်စေသည်။

နောက်ထပ်နှစ်ယောက်ပြိုင်တူဝင်လာတော့ ထိုးလာတဲ့လက်ကို ခေါင်းငုံ့ရှောင်လိုက်ပြီး လွှတ်နေတဲ့လက်တစ်ဖက်နဲ့ ဝမ်းဗိုက်ကိုထိုးလိုက်သည်။

System 11111 (Complete)Where stories live. Discover now